ရန်ကုန် ညေစျး

ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြုိ့တော်ဖြစ်သည့် ရန်ကုန်မြို့တော််တွင် အေခြခံစီးပွားရေးလုပ်ငန်း ဖြစ်သော စျေးရောင်းခြင်းလုပ်ငန်းများလည်း တစ်နေ့တစ်ခြားများပြားလာခြင်း၊ စည်းကမ်းထိန်းသိမ်းမှုများ အားနည်းခြင်းတို့ကြောင့် ရန်ကုန်မြို့၏ ပို့ဆောင်သွားလာရေးများတွင် ယာဉ်ကြောများပိတ်ဆို့ခြင်း၊ စည်းကမ်းမဲ့မှု စသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလတွင် ကမ်းနားလမ်း၌ ရန်ကုန်မြို့ ညေစျးအား စတင်ဖွင့်လှစ်ခဲ့သည်။ ညစျေး၌ အချိန်နှစ်ပိုင်းသတ်မှတ်၍ ရောင်းချေစပြီး ညပုိင်းရောင်းချမှုအဖြစ် စားသောက်ဆိုင်များ၊ သစ်သီးဝလံများရောင်းချခြင်းအား ညေန ၃နာရီမှ ည ၁၁နာရီ အထိလည်းကောင်း၊ နံနက်ပိုင်းရောင်းချမှုအဖြစ် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းအား နံနက် ၆နာရီမှ ည၁၁နာရီ အထိလည်းကောင်း သတ်မှတ်ထားသည်။
ရန်ကုန်မြို့တော်တွင် ညေစျးဖွင့်လှစ်ခြင်းသည် ပို့ဆောင်သွားလာရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် ညေစျးအား ရေပေးေဝမှုစနစ်၊ မီးေပးဝေမှုစနစ်၊ ရေဆုိးသန့်စင်စက်နှင့် အိမ်သာများဖြင့် စနစ်တကျစီစဉ်ထားရှိပြီး လုံခြုံရေးစနစ်တွင် CCTV Camera များတပ်ဆင်ထားပေးသည်။
သို့ရာတွင် ရန်ကုန်မြို့၌ မြို့တွင်းမြို့နယ်လေးခုတွင် လမ်းဘေးေစျးရောင်းချသူ လူဦးရေေပါင်း ၆၀၀၀ ကျော်ရှိပြီး ရန်ကုန် ညေစျးတွင် ဖွင့်လှစ်ရန်ခွင့်ပြုသည့် ဆိုင်ခန်းပေါင်းမှာ ၁၆၀၀ ကျော်သာရှိခြင်းကြောင့် ဆိုင်ခန်းနေရာ သတ်မှတ်ခြင်းတို့တွင် ဖြေရှင်းရန် စီစဉ်ထားမှု၊ စျေးသည်များ စည်းကမ်းမဲ့ မေရာင်းချရန် စီစဉ်ထားမှုတုိ့သည် လက်တလော စီမံခန့်ခွဲရမည့် စီမံခန့်ခွဲမှုများဖြစ်ပြီး CCTV Camera များတပ်ဆင်ထားမှုသည် ကောင်းမွန်သော လုံခြုံရေးစနစ်တစ်ခုဖြစ်သော်လည်း ပြည့်စုံသော လုံခြုံရေးစနစ်တစ်ခု မဟုတ်သောကြောင့် ရဲတပ်ဖွဲ့ဝင်များ စနစ်တကျထားရှိရန် စီမံခန့်ခွဲခြင်းသည် ထပ်မံဖြည့်စွက်ရမည့် စီမံခန့်ခွဲမှုများဖြစ်သည်။