ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၄)

ကျနော် ဂျပန်မှာ ကျောင်းတက်တဲ့ အကြောင်းအရာကို မဆက်ခင် ကျနော့် ပညာရေးနောက်ခံအကြောင်း အနည်းငယ်ရှင်းပြပါ့မယ် .....
ကျနော့်ရဲ့ ပထမဆုံးရတဲ့ဘွဲ့က အင်ဂျင်နီယာဘွဲ့ပါ .... electronics and communication (EC) ပါ .... အဲ့နောက် ကျနော် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါတယ် .... အလုပ်လုပ်ရင်းနဲ့ MBA ကို မန္တလေးတက္ကသိုလ်မှာ တက်ပါတယ် .... MBA ပီးတော့ တဆက်တည်းမှာပဲ အစိုးရဝန်ထမ်းတွေကိုသာ စကော်လာပေးလေ့ရှိတဲ့ JDS scholar (ဂျပန်နိုင်ငံ) က အဲ့နှစ်မှာ အစိုးရဝန်ထမ်းမဟုတ်တဲ့ အပြင်ပုဂ္ဂလိကကလည်း ဝင်ဖြေလို့ရတယ်ဆိုတော့ ဝင်ဖြေဖြစ်လိုက်တာ အဆင့်ပေါင်းများစွာ အင်တာဗျူးဖြေပီးနောက်ဆုံးမှာ အရွေးချယ်ခံရပါတယ် ..... 
သွားတက်ရမယ့် တက္ကသိုလ်က Hiroshima University၊ လေ့လာရမယ့်ဘာသာရပ်က မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Urban Development Planning) ကို မာစတာဘွဲ့ယူဖို့အတွက် တက်ရမှာပါ .... အဲ့တော့ ရှေ့ကယူထားခဲ့တဲ့ ဘွဲ့တွေနဲ့ ခုသွားတက်ရမယ့် အကြောင်းအရာနဲ့က မကိုက်ညီနေဘူး ... ကျနော်က ဘာသာရပ်အသစ်ကို လေ့လာရတော့မှာပါ ... အလွန်လည်း စိတ်လှုပ်ရှားမိတယ် .... ဖြစ်အောင်လည်း ကြိုးစားမယ် .... ဘယ်တော့မှ နောက်မဆုတ်ဘူး ... တခြားနိုင်ငံက ကျောင်းသားတွေထက်ကျော်အောင် မစွမ်းဆောင်နိုင်တောင် မလျော့စေရဘူးဆိုတဲ့ စိတ်တခုကို ရွေးချယ်ခံထားရပီးကတည်းက အပီအပြင်ရိုက်သွင်းပီးသားပါပဲ။ 
ဒီလိုနဲ့ ကျောင်းရောက်ပီပေါ့ .... ဆရာနဲ့ ပထမဆုံးတွေ့ဆုံမှုမှာ ကတည်းက သတိထားမိတာက တခုခုလိုနေတယ် ... မရှင်းလင်းဘူး မပြတ်သားဘူးလို့ ခံစားရတယ် .... ကျနော်က စကားတခုကို ပွင့်ပွင့်လင်းလင်းပြောတတ်သူ (ဆိုလိုတာက ဟန်သိပ်များမနေပဲ ပြောစရာရှိတာပြော လုပ်စရာရှိတာလုပ် ကြိုက်ရင် ကြိုက်တယ်ပြော မကြိုက်ရင် မကြိုက်ဘူးပြောပဲ သိပ်ထွေလီကာလီတွေ မလုပ်နေတတ်ဘူးဆုတာပြောချင်တာ) ဆရာကကျ ဘာဖြစ်စေချင်နေမှန်းမသိ၊ သူပြောချင်တာတွေချည်းပဲပြောတာ၊ အဲဒီဟာကမှ ပြဿနာပါပဲ .... ဘာလို့ဆို ကိုယ်မာစတာဘွဲ့ယူမယ့် research ကို ဦးတည်သွားရတော့မှာလေ ..... အဲ့ဒီမှာညှိလို့ မရကြတော့တာပါပဲ .... ဆရာရဲ့ လက်တွေ့လုပ်နေတဲ့ ပရောဂျက်လုပ်ငန်းတွေက အင်ဒိုနီရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ရှိနေတာပါ ... အကြီးအကျယ်တွေပါပဲ .... ဆရာက ကျနော့ကို အဲဒီနိုင်ငံတခုခုက energy နဲ့ ပတ်သက်တဲ့ research တခုခုကို လုပ်စေချင်တယ် .... ကျနော်ကလည်း လုံးဝမလုပ်နိုင်ဘူး ငြင်းတာ ... (ဒီနေရာမှာ ကျနော် မှန်တယ် သို့မဟုတ် မှားတယ်ဆိုတာ ဆွေးနွေးဖို့မဟုတ်ပါဘူး .. ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ရေးပြနေတာပါ) ကျနော်ပြောတဲ့ အကြောင်းပြချက်က ကျနော့်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်လို့ နိုင်ငံအတွက် ကဏ္ဍအသီးသီးမှာ တတ်နိုင်သမျှ သုတေသန ပြုမှုတွေလိုနေတယ် ... ကို့နိုင်ငံအတွက် လိုမယ်လို့ ထင်တဲ့ဟာကိုပဲ လုပ်မယ်၊ သူများနိုင်ငံအတွက် မလုပ်ပေးနိုင်ဘူး လို့ပြောဖြစ်ခဲ့တာ (ကျနော် သူတို့လူတွေ့စစ်ကတည်းက တင်ထားခဲ့တဲ့ ကျနော် လုပ်မယ်ဆိုတဲ့ research ကိုပဲ တစိုက်မတ်မတ် လုပ်မယ်ပဲ ပြောခဲ့တာလေ .... အသစ်ပြောင်းလုပ်မှာလည်း မဟုတ်ဘူးး သူတို့ ဒီ research ကို လက်ခံနိုင်လို့ ရွေးခဲ့တာ မဟုတ်ဘူးလားပေါ့) ဆရာက သိပ်စိတ်ဆိုးတာ၊ သူခိုင်းတဲ့အတိုင်းအလုပ်လို့ဆိုပီး။ အဲ့တာက တပိုင်း။
နောက်ပြဿနာတခုက lab မှာ တပတ်ခြောက်ရက် နေခိုင်းတယ်၊ တရက်ကို မနက် ရ:၃၀ ကနေ ည ၈ နာရီထိတဲ့ဗျာ .... (သူကိုယ်တိုင်လည်း အဲဒီအချိန်ဇယားအတိုင်းလာတာနော် ... သူများကိုပဲ ခိုင်းတာမဟုတ်ဘူးး သူကိုယ်တိုင်လည်း အတိအကျလိုက်နာနိုင်တဲ့သူ ... မနက်မိုးလင်း ရ:၃၀ သူကျောင်းရောက်ရင် သူရဲ့ lab အခန်းတိုင်းကို လိုက်စစ်တာ .. ကျောင်းသားတေ အကုန်ရောက်နေပီလားဆိုတာ ... မရောက်ရင် ဖုန်းဆက်တယ် ... တချို့ကို email ပို့တယ် ... ဘာကြောင့် မရောက်သေးတာလည်း ဆိုပီး ... ကျောင်းသားတွေဆိုတာ ဆရာကို အသေကြောက်ကြတာ .... lab ထဲက ကျောင်းသားတိုင်း ဆရာရှေ့မှာ တုပ်တုပ်မှ မလှုပ်ရဲဘူး ... ကျနော့်ဆရာ စည်းကမ်းတင်းကျပ်လွန်းလို့ ကျောင်းသားတွေ မရူးရုံတမယ်ဆိုတာ ကျောင်းက တခြားဆရာတွေရော ကျောင်းသားတွေရော သိကြပါတယ် .. ဆရာကတော့ နာမည်ကြီးပေါ့ ... (ဒါပေမယ့် အတန်းဝင်လို့ စာသင်ရင်ကြတော့လည်း အမြဲကို ပြုံးနေနိုင်တာ .... စာကို တကယ့်ကို ကောင်းအောင်သင်နိုင်တာ၊ ကျောင်းသားတွေ အပေါ်စိတ်ရှည်တာ (စာသင်ရင်ပြောတာနော် lab ကတပည့်တွေအပေါ်ပြောတာမဟုတ်ဘူး) တွေက ကျနော်သူအတန်းကို စတက်တက်ချင်းမှာ အရမ်းအံ့သြတာ ... ငါ့ဆရာ lab က သူ့တပည့်တွေ အပေါ်မှာလည်း ဒီလောက်များသဘောကောင်းရင် ငါ့ labmate တွေ အတော်ပျော်ကြမှာ ဆိုပီးတွေးမိခဲ့တယ် ) 

ပြဿနာက ဒါတင်ပဲလည်း မကသေးပါဘူး .... စကားပြောရင့်သီးခြင်းကလည်း ပြဿနာတွေကို မီးလောင်ရာလေပင့်စေတာ ပါပဲ။

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၃)

ဒီတပတ်မှာ ကျနော် ရည်ရွယ်ထားတာက ဂျပန်နိုင်ငံရဲ့ပညာရေးစံနစ်အကြောင်း တင်ပြဖို့ ဖြစ်ပါတယ် ... ဒါပေမယ့် ကိုးကားရတဲ့ အရာတွေများလွန်းတာကြောင့် အချိန်မှီ မတင်ပြနိုင်သေးတာကြောင့် ကျနော့်ဘဝထဲက စိတ်ဝင်စားစရာ ကောင်းမယ့် အကြောင်းအရာတခုကို ရေးသားလိုက်ပါတယ်။
အရင် အပိုင်း (၁၂) တုန်းက ခြေဆင်းလေးမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာကို ဆက်ပါ့မယ် 
အဲ့ဒါက ဂျပန်ကို ပညာတော်သင်သွားရတဲ့အခါမှာ ကိုယ့်ပရော်ဖက်ဆာနဲ့ ကိုယ်နဲ့ မသင့်မတင့်ဖြစ်တဲ့ အကြောင်းအရာပါ .... ဘာကြောင့် ဖြစ်တာလဲ .... သူတို့ရဲ့မူက ဘယ်လိုမျိုးလဲ .... သူတို့က ဘာကို expectation ထားတာလဲ ... စသည်ဖြင့် သူတို့နဲ့ ဆက်ဆံရေးဟာ အင်မတန်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်ဗျာ .... 
ဂျပန်စရောက်ခါကစမှာ ရှိနေတဲ့ ကိုယ့်မျှော်လင့်ချက်ကရောဘာလဲ .... ဘယ်လောက်ထိလုပ်နိုင်မလဲလို့ရည်ရွယ်ထားတာလဲဆိုတာလဲ ကိုယ့်ကိုယ်ပြန်မေးရပါမယ် ....
သူတို့ဘက်က expectation နဲ့ ကိုယ့်ဘက်က expectation က ထပ်တူမကျတဲ့အခါ သို့မဟုတ် မညီမျှတဲ့အခါမှာ ပဋိပက္ခဆောင်တဲ့ အသွင်မျိုးတွေ ဖြစ်ပေါ်တာပါ ..... နားလည်မှု မယူနိုင်ကြတဲ့ အခြေအနေမျိုး၊ အလျော့အတင်းစောင်းကြိုးညင်း မလုပ်နိုင်တဲ့ အခြေအနေမျိုးတွေမှာတော့ သည်းမခံနိုင်နဲ့ ပေါက်ကွဲမှုဖြစ်ဖို့ အားအကောင်းဆုံးအချိန်မျိုးရောက်လာတတ်ပါတယ် ....
အဲ့ဒီလိုမျိုးအခြေအနေကို ကျနော့်ရဲ့ ကိုယ်တိုင်ကိုယ်ကျကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပေါင်းစပ်တင်ပြသွားပါမယ် ....
ကျနော်က ငယ်ကတည်းက ရုပ်ရှင်ကြည့်တာ ဝါသနာပါတယ် .... မြန်မာဇာတ်ကား၊ အင်္ဂလိပ်ဇာတ်ကား၊ ကုလားကား၊ ခုနောက်ပိုင်း ကိုရီယားဇာတ်ကားရုပ်ရှင်တွေ အမျိုးအစားသုံ ကျနော်ကြည့်ပါတယ် .... ရုပ်ရှင်ချစ်သူလို့ ပြောလို့ရပါတယ် ..... အိမ်မှာ ဝယ်ထားတဲ့ ဇာတ်လမ်းခွေတွေဆိုတာ ရောင်းတဲ့ဆိုင်ထက်တောင် များပါဦးမယ် .... စာအုပ်စုတာနဲ့ ဇာတ်ကားစုတာကတော့ ဝါသနာအရ ငယ်ကတည်းကပါပဲ .....
အဲ့လို ဇာတ်ကားတွေထဲမှာ ကြည့်ရင်း ရင်းနှီးနေမိတာက အနောက်နိုင်ငံတွေမှာ စာသင်ရင် ဆရာက သူ့အလုပ်သူလုပ်၊ ကျောင်းသားလည်း သူ့အလုပ်သူလုပ်ပေါ့လေ .... နှစ်ဦးနှစ်ဖက်က ကိုယ့်တာဝန် ကိုယ်ကျေနေရင် ဆရာ တပည့်က ဆက်ဆံရေးက အေးဆေးပဲ သူလွတ်လပ်ခွင့်နဲ့သူ မစွက်ဖက်ကြဘူး။ ကျောင်းသားတွေကလည်း သူ့အသိနဲ့သူ ပြောစရာမလိုပဲ ကိုယ့်အချိန်အပိုင်းအခြားနဲ့ကိုယ် စာလုက်ကြတယ်ဆိုတာမျိုးတွေက တွေ့ဘူးနေတာလေ ....
အဲ့တော့ ကို
ယ်မျှော်မှန်းထားတာက နိုင်ငံခြားစတိုင် free-style နဲ့ နိုင်ငံခြားကားထဲကကဲ့သို့ ပျော်ရွှင်လွတ်လပ်စွာကျောင်းတက် ကိုယ်လုပ်ရမယ့် assignment၊ report၊ tutorial ဖြေ အစရှိသဖြင့် ပုံမှန်လုပ်သွားရင်ဘာမှ ပြဿနာ မရှိနိုင်ဘူးလို့ပဲ တွေးထားခဲ့တာပါပဲ ..... အဲဒီတော့ ....
မေတ္တာဖြင့် 
ဝေဟင်ဟိန်းသန့်
 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၁)

ဒီတပတ်ရဲ့ ဘလော့ဂ်ပို့စ်ကို ခရီးစဉ်လေးတခုအကြောင်းပဲ ပြန်ရေးပေးလိုက်ပါတယ် ..... 

အရင်အပိုင်းရဲ့ ပို့စ်အဆက်တွေလည်း လာမှာပါ .... ဆက်တိုက် စာအလေးကြီးတွေပဲ ဖတ်နေရရင် ငြီးငွေ့မှာ စိုးလို့ ကြားထဲမှာ ပေါ့ပါးတဲ့ အကြောင်းအရာလေးကို ဖြတ်ပီး ရေးပေးလိုက်ပါတယ် .....

အောက်က စာစုလေးက ကျနော်ရဲ့ ဖေ့ဘုတ်ပေ့ဂျ်မှာ ဖော်ပြခဲ့တာကို ပြန် ရှယ်ပေးထားတာပါပဲ .....

ခြေလန် လက်လန် ဖူဂျီစံ (၁၃.၈.၂၀၁၅ ~ ၁၆.၈.၂၀၁၅)

ကျောင်းတွေ ပိတ်တဲ့ ရာသီဆိုတာ ကျနော်တို့ ကျောင်းသားတွေ အားလုံးအတွက် ပျော်စရာ အလွန်ကောင်းပါတယ် .... ဒီ summer vacation အတွက် ရွေးဖြစ်တာက ဖူဂျီတောင်တက်ဖို့ပါပဲ ..... စိတ်ထဲမှာ ပိုစတာတွေထဲ မြင်ဖူးတာက ထိပ်ပိုင်း ဖြူဖြူဖွေးဖွေးလေးနဲ့ အလွန်လှတဲ့ တောင်လေးကို နောက်ခံထားထားပီး ရှေ့မှာ ရှင်ကန်ဆန်ဖြတ်သွားနေတဲ့ ပုံပါ ... တော်တော်များများလည်း မျက်မှန်းတန်းမိလိမ့်မယ်လို့ ထင်ပါတယ် ..... အလွန်ဆုံးမြင့် မန္တလေးတောင်ရဲ့ သုံးဆလောက်လို့ ထင်ခဲ့တာပေါ့ ..... (ထင်ရက်တာလေ) .... 

ဖူဂျီတောင်က ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင် ဖြစ်ပီး မီးတောင်ရှင်လည်း ဖြစ်ပါတယ် ..... လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က နောက်ဆုံးပေါက်ကွဲခဲ့ပါတယ် .....

ပထမဆုံး တောင်ရဲ့ 5th station (2306 m) ထိ ကားနဲ့ တက်ကျတယ် ... တောင်က စုစုပေါင်း (3776 m) မြင့်တာပါ ..... အဲတော့ ခြေလျင်တက်ရတာက 1470 m (၄၈၂၁ ပေ) တက်ရတာပေါ့ အပေါ်ဆုံးထိကို ..... တောင်အခြေကများ စတက်ရင် ဘယ်လိုနေမယ်မသိ ..... တက်တဲ့သူတော်တော်များများက ၁ ညအိပ် ဒါမှမဟုတ် ၂ ညအိပ် အေးအေးဆေးဆေး အချိန်ယူပီး တက်လေ့ရှိကြပါတယ်တဲ့ .... ကျနော်တို့ သူငယ်ချင်း ၃ ယောက်ကတော့ အသွားအပြန် ၁ရ နာရီလောက်နဲ့ အပီးပေါ့လေ .... ကျနော်ကတော့ ၁၄ နာရီလောက်ပဲ ကြာခဲ့ပါတယ် .... အပြန်မှာ ခြေထောက်က အရမ်းနာနေတာနဲ့ ခြေတစ်ဖက်တည်းနဲ့ အားတင်းဆင်း နောက်လည်း လှည့်မကြည့် နားလည်းမနားနဲ့ အောက်ကို အမြန်ရောက်လာတာပါ .... အကောင်းတော့ မဟုတ်ပါဘူးးး .... နာတယ်ဆိုပီးနားမိရင် ဘယ်လိုမှ ရှေ့ဆက်သွားချင်မှာ မဟုတ်လို့ပါ .... ကိုယ့်အကြောင်းကိုယ်သိမို့ အံကြိတ်ပီး ရှေ့ကို ဦးတည်ပီး ဇွတ်သွားခဲ့တာပါ .... အဲဒါမှ ကျနော် အစစ်ပါ ...... 

(ခြေထောက်က တောင်ပေါ်မတက်ခင် 5th station မှာ ပြောင်းဖူးဝယ်စားတော့ အဲဒီဆိုင်က cashier ရဲ့ ပေါ့ဆမှုကြောင့် ထောင်ထားတဲ့ cash box က ကိုယ့်ခြေထောက်ပေါ် ပြုတ်ကျတယ်လေ .... ကံများကောင်းချက် ..... အဲဒီကတည်းက ဒဏ်နည်းနည်းဖြစ်နေတာ ...... အပေါ်ဆုံးရောက်ခါနီးလေ မတ်မတ်ကြီးတက်ရလေပဲ ..... အဲဒီမှာ ညာဘက် ခြေထောက်က အရမ်းနာလာတော့တာ ......)

ဒီတောင်တက်တာကနေ ဘာသင်ခန်းစာ ရလည်းဆိုတော့ မသွားခင် သွားရမယ့် နေရာဒေသကို အကြောင်းစုံသိအောင် အင်တာနက်ကနေ စေ့စေ့စပ်စပ်ရှာဖွေ ဖတ်ရှုထားသင့်တယ် (တောင်ပေါ်မှာ ရာသီဥတုက တစ်ဒီဂရီပဲ ရှိတာပါ .... အနွေးထည် လုံလုံလောက်လောက် မဝတ်သွားတဲ့ ကျနော်အတွက်တော့ ဓာတ်ပုံ အရိုက်ခံဖို့တောင် ခပ်ခက်ခက်ပါပဲ .... သူငယ်ချင်းက အနွေးထည် လုံလုံလောက်လောက် သယ်လာဖို့ ပြောတယ် ...... ကိုယ်က ပေါ့ဆတာပါ ...... ) သူများတွေ ဘယ်လိုပုံစံနဲ့ တောင်တက်လေ့ ရှိသလဲ ဆိုတာလည်း လေ့လာသင့်တယ် .... (အဓိကက ခြေနင်းပေါ့ အရေးကြီးတယ် .... ကိုယ်ကတော့ စီးနေကျ ရှုးနဲ့ဆိုတော့ ကားတာပါပဲ .... ကျနော်ဖိနပ်အောက်ခံ sole က အမာဆိုတော့ သေရော .... အပျော့စီးရင် ခံသာပါတယ်တဲ့) မြေပြင်အခြေအနေတွေကအစ မေးစမ်းထားသင့်တယ် ... (အလယ်ပိုင်း တော်တော်များများနေရာမှာ လေးဘက်ကုန်းပီးကို တက်ရတာပါ ခင်ဗျ .... အပေါ်ဆုံးမှာ လေအရမ်းတိုက်လို့ လွင့်မပါသွားအောင် ကျောက်တုံးကြီးနှစ်လုံးကြားထဲ ဝပ်နေခဲ့ရတာကလည်း အမှတ်တရပါပဲ ... )

အပေါ်ဆုံးကနေ ကြည့်ရတဲ့ နေထွက်ချိန်ကတော့ အရမ်းမိုက်တယ် .... အဲဒါကြည့်ဖို့ကိုပဲ တကူးတက တက်ကြတာပါ .... တိမ်တွေအားလုံးကလည်း ကိုယ့်အောက်မှာပဲ ..... ရာသီဥတု ဆိုးရင် ခုလို နွေရာသီမှာလဲ တက်ခွင့်မပေးပါဘူး ... ဆောင်းရာသီကတော့ သွားလို့ လုံးဝ မရပါ ..... ပင်ပန်းတာနဲ့ မောတာကတော့ စာဖွဲ့လို့တောင် မတက်လို့ ရေးမပြတော့ပါဘူးး .... ဟီရိုရှီမားကနေ အသွားအပြန် ၄ ရက်ခရီး (ပထမနေ့ မနက် ၆:၃၀ ကနေ စီးသွားကြတာ ည ၉ နာရီမှာ တိုကျို ရောက်တယ် .. နောက်တနေ့ ည ရ နာရီတောင် စတက်တယ် ... မနက် ၄ နာရီလောက် တောင်ပေါ်ရောက်တယ် ... နောက်တနေ့ မနက် ၉:၁၅ ကို 5th station ပြန်ရောက်တယ် ..... တိုကျို သူငယ်ချင်းအိမ်ကို ညပိုင်း ၈ နာရီလောက် ပြန်ရောက်တယ် .... နောက်တနေ့ (ဒီမနက် ၆ နာရီ) တိုကျိုက  ထွက်လာပီး ခု ၁၀:၃၀ မှာ ပြန်ရောက်တယ်ဆိုတော့ အလွန်ကို တက်သုတ်ရိုက်တဲ့ trip တစ်ခုတော့ ဖြစ်သွားတယ် .... ဒါပေမယ့် လုပ်ချင်တာတွေကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်တဲ့ အတွက်တော့ အတိုင်းမသိ ကျေနပ်ပါတယ် .... ပြန်လာကတည်းက ပေါင်တွေကွနေတာ ခုထိလည်းကွတုန်းးး .... ရှင်ဂျူကုဘူတာမှာ ရထားမှီအောင် မြန်မြန် အတက်အဆင်းတွေ မလုပ်နိုင်လို့ ရထားတွေတောင် လွတ်သွားသေးတာ .... အခု အပြန်လည်း ကိုယ့် hand carry တောင် ကိုယ်မသယ်နိုင်တော့လို့ seven eleven ကနေပဲ ပို့ခိုင်းရတော့တယ် .... လောလောဆယ် အကျေနပ်ဆုံးကတော့ စာရေးရ အင်မတန်ပျင်းတဲ့ ကိုယ်က ဒီလောက်ထိ စာတွေ ရှည်ရှည်ရေးနေပီးတာကိုပဲ ... အမှန်တော့ ပြောချင်တာတွေ အများကြီးဗျ ကျန်သေးတယ် ... ရေးချင်တော့ဘူး ညောင်းလာပီ ...... မေးစရာရှိရင်သာ comment ပေးခဲ့ဗျာ .... (သူငယ်ချင်းတွေရဲ့ missed call တွေ အများကြီးအတွက် ဆောရီးပါဗျာ .... နောက်နေ့ ပြန်ခေါ်ပါ့မယ် ) ခုမအိပ်ခင်လေး ဒီစာ အပီးရေးတင်တာပါ.... မြန်မာပြည်မှ ချစ်ရသောသူများ အားလုံးအတွက် ....... ဖူဂျီတောင်တက်ချင်တဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးတဲ့ သူငယ်ချင်းများ Htoo Thaw နဲ့ Aungkomin Min တို့ကိုတော့ ပြောမပြတတ်အောင် ကျေးဇူးတင်ကြောင်းပါဗျာ .....

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၀)

Tokyo Subway Map

Tokyo Subway Map

ဒီတပတ်ရဲ့ အကြောင်းအရာပိုင်းဟာ အရင်အပိုင်း (၉) ရဲ့ အဆက်လည်း ဖြစ်ပါတယ် ....
ဂျပန်နိုင်ငံသားတွေဟာ သူတို့ရဲ့ ပြည့်စုံကြွယ်ဝမှုတွေအပေါ်မှာ ဘယ်လိုများခံစားလဲ .... ချမ်းသာပီး သက်တောင့်သက်တာရှိတယ်လို့ သူတို့တွေ ခံယူနိုင်ကြသလားဆိုတဲ့ သူတို့ လုပ်ထားတဲ့ စစ်တမ်းရဲ့ အဖြေက စိတ်ဝင်စားဖို့ကောင်းပါတယ် ..... အမေရိကန်နိုင်ငံမှ အိမ်တစ်လုံးရဲ့ ပျမ်းမျှ ကြမ်းခင်းဧရိယာက ၁၆၀.၃ စတုရန်းမီတာ ဖြစ်ပါတယ် ..... ကိုယ်ပိုင်အိမ်တလုံးဟာ ၁၆၇.၉ စတုရန်းမီတာကျယ်ပီး အငှားအိမ်ဆိုရင်တော့ ပျမ်းမျှ ၁၁၈.၄ စတုရန်းမီတာ ကျယ်ဝန်းပါတယ် ... ဒါကြောင့် အိမ်ငှားနဲ့ အိမ်ပိုင်ရဲ့ အကျယ်ကို အချိုးချကြည့်လိုက်မယ်ဆိုရင် ၀.၇၁ ရှိပါတယ် .... ဆိုတော့ သူတို့ရဲ့ ဘဝအပေါ်ကေနပ်သာယာမှုဟာ ယေဘုယျအားဖြင့် မြင့်မားပါတယ် ..... ဂျပန်မှာ ဆိုရင်တော့ အိမ်တစ်လုံးရဲ့ ပျမ်းမျှကြမ်းခင်း ဧရိယာက ၉၁.၉ စတုရန်းမီတာပါ ..... အိမ်ပိုင်က ၁၂၂.၁ စတုရန်းမီတာနဲ့ အိမ်ငှားက ၄၅.၁ စတုရန်းမီတာစီ ကျယ်ဝန်းကြပါတယ် ..... အိမ်ငှားနဲ့ အိမ်ပိုင်ကို အချိုးချကြည့်မယ် ဆိုရင်တော့ ၀.၃ရ ပါ ... ဒီအချိုးဟာ နိမ့်တယ်လို့ ပြောလို့ ရပါတယ် .... ဂျပန်နိုင်ငံသားတို့ရဲ့ ကိုယ့် ကြွယ်ဝချမ်းသာမှုအပေါ် ကျေနပ်ခံစားနိုင်စိတ်ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကျေနပ်ခံစားနိုင်မှုအောက် ထက်ဝက်လောက်ကို နိမ့်နေပါတယ် .....
ဂျပန်နိုင်ငံ တိုကျိုမြို့နေသူတွေရဲ့ အလုပ်နဲ့ အိမ် အသွားအပြန်ကြာချိန်ကို ခန့်မှန်းသိဖို့ရန်အတွက် စစ်တမ်းကောက်ထားတာ တခုရှိပါတယ် ... တိုကျိုမြို့နေလူဦးရေစုစုပေါင်းမှ အယောက်တသောင်းကို မေးမြန်းကြည့်တဲ့အခါ အများစု ရာခိုင်နှုန်းဖြစ်တဲ့ ၅၃% လောက်က မိနစ် ၆၀ ကနေ ရ၄ မိနစ်လောက်ထိကို ကြာတာပါ .... ဒါဟာ တိုကျိုမြို့ရဲ့ ယေဘုယျ အလုပ်အသွားအပြန်ကြာချိန်ဖြစ်ပါတယ် .... 
ရင်းနှီးမြှုပ်နှံမှု (investment) ဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အဓိက သော့ချက်အဖြစ် ဘာကြောင့်အရေးပါနေခဲ့တာလဲဆိုတာလည်း တချက် ကြည့်ရအောင်ပါ .... ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ဘယ်လို အခြေအနေတွေအောက်မှာ ရှိနေတာလဲ ...

Typical Japanese Suburban Housing

Typical Japanese Suburban Housing


(၁) သဘာဝရင်းမြစ်ကြွယ်ဝမှု မရှိဘူး
(၂) စစ်ကြီးပီးသွားတဲ့ အခါမှာ အလွန်အမင်းမြင့်တက်လာတဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်း စတဲ့ အခြေအနေတွေပေါ် မူတည်နေခဲ့တာ ဖြစ်ပါတယ် ....
နိုင်ငံတနိုင်ငံရဲ့ ဝင်ငွေဆိုတာ ဘာလဲဆိုတော့ သုံးစွဲမှုကုန်ကျစရိတ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အစိုးရရဲ့ အသုံးစရိတ်တွေ၊ ပို့ကုန်မှရငွေတွေရဲ့ စုစုပေါင်းထဲကမှ နိုင်ငံအတွင်းကို တင်သွင်းလိုက်တဲ့ တင်သွင်းကုန်တွေအတွက် ကုန်ကျစရိတ်ကို နှုတ်ထားတာဟာ တိုင်းပြည်တပြည်ရဲ့ ဝင်ငွေပဲ ဖြစ်ပါတယ် .... 
ရင်းနှီးမြှုပ်နှံမှုဟာ ငွေအရင်းအနှီးတွေကို တိုးပွားစေတယ် ..... တိုးပွားလာတဲ့အတွက်များပြားလာတဲ့ ငွေကြေး သို့မဟုတ် ထိုငွေကြေးများဖြင့် ဝယ်ယူထားသော စက်ပစ္စည်းများကို အသုံးပြုပီး ထုတ်လုပ်မှုတွေများလာမယ် ထုတ်ကုန်တွေ တက်လာမယ် .... အဲ့ဒီထုတ်ကုန်တွေတက်လာတယ် ဆိုတာဟာ လုပ်သားထုရဲ့ ထုတ်လုပ်နိုင်မှုတိုးတက်မြင့်မားလာခြင်းပဲ ဖြစ်ပါတယ် .... ဒါကြောင့် အကျိုးဆက်အနေနဲ့ လုပ်အားခတွေက မြင့်လာတယ် .... လုပ်အားခတွေ မြင့်လာတယ် ဆိုတာက လုပ်သားတစ်ယောက်ရဲ့ ယေဘုယျ ဝင်ငွေမြင့်မားလာတာဖြစ်ပီး အဲ့ဒီကနေ အစိုးရရဲ့ အခွန်အဖြစ်ရရှိငွေဟာ ပိုပီးတိုးလာတာဖြစ်ပါတယ် .....
ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လို မတည်သုံးစွဲလဲ ......
အိမ်ထောင်စုတွေကနေ အများစုရတဲ့ စုဆောင်းငွေတွေကို အကျိုးရှိရှိအသုံးချတယ် ..... ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအနေနဲ့ မတည်ဖို့ရာအတွက် ....
- စုဆောင်းမှုတွေကို ထပ်ခါ ထပ်ခါလုပ်ဖို့အတွက် တွန်းအားပေးတာတွေ လုပ်တယ် 
- စစ်မှန်တဲ့ အတိုးနှုန်းကို ပေးတယ်၊ ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း အနိမ့်ဆုံးအဆင့်မှာထားတယ် 
- ခိုင်မာမှုရှိပီး ယိုပေါက်မရှိတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေထူထောင်ပီး အလုပ်လုပ်ကြပါတယ် 
ဒီလိုမျိုး တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုမျိုးမရှိဘူးလို့ ဆိုတဲ့ ဘဏ္ဍရေးယန္တရားတစ်ခုကို ဖန်တီးခြင်းအားဖြင့် ပုဂ္ဂလိကဘဏ်တွေဟာ စက်မှုလုပ်ငန်းကဏ္ဍတွေအတွက် လိုအပ်တဲ့ ငွေတွေကို ထုတ်ချေးဖို့ရာ အဓိကနေရာကနေ ပါဝင်လာကြပါတယ် .....
Main Bank လို့ပြောတဲ့ ဂျပန်နိုင်ငံရဲ့ စံနစ်ဟာ သူတို့ သတ်မှတ် ရည်ရွယ်ထားတဲ့ ကဏ္ဍတွေနဲ့ ဦးဆောင်းအလုပ်လုပ်သူတွေကို အင်မတန်သက်သာတဲ့ အကြွေးပေးစံနစ်ကို ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ကြပါတယ် .... ရည်ရွယ်သတ်မှတ်ထားတဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးဖို့ရန်အတွက် ပြုစုပျိုးထောင်ဖို့ ဒီစံနစ်ကြီးတခုလုံးကို စက်မှုလုပ်ငန်းပေါ်လစီ မူဝါဒတွေနဲ့ ချိတ်ဆက်ပေါင်းစပ်ထားပါတယ် ....

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၆)

အရင်အပိုင်းရဲ့အဆက်အနေနဲ့ research proposal နဲ့ ပတ်သက်တာကို အနည်းငယ် ထပ်ရေးပါ့မယ် .....

research proposal ရေးတာမှာ ရေးတဲ့ အကြောင်းအရာ အရေးကြီးတယ်ဆိုတာ ပြောခဲ့တယ် .... 

စိတ်ဝင်စားနိုင်တဲ့ဟာ ဖြစ်ရမယ် .... လတ်တလောမှာ ဖြစ်နေတဲ့ issue မျိုးကို ဆွဲထုတ်လို့ရတယ် ... issue တခု ရထားပီးရင် problem solving လုပ်လို့ရနိုင်မယ့် နည်းလမ်း တခုထက်မက စဉ်းစားထားရမယ် ..... issue တခုထက်ပိုရင်လည်းရတယ် .... အဲ့ဒီအခါ ကိုယ်ဟာ အဲ့ပြဿနာကို ဖြေရှင်းရာမှာ ရင်းနှီးကျွမ်းဝင်မှု ရှိနေပီးသား အခြေအနေမျိုးလို့ သူတို့တွေးနိုင်ပီးတော့ မေးခွန်းမေးရာမှာ ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ့ expectation ကလည်း ပိုမြင့်လာပါလိမ့်မယ် .... အဲ့တော့ အများကြီးကြိုတင်ပြင်ဆင်ထားဖို့ လိုပါ့မယ် ..... 

နောက်တခုက ရိုးသားမှု .....

သူတို့ရဲ့ မေးခွန်းသည် ကိုယ်ဖြေနိုင်သည်ဖြစ်စေ၊ ကိုယ်အတွက် ခက်ခဲသည့် မေးခွန်းဖြစ်စေ ဖြေဆိုရာမှာ ရိုးသားဖို့လိုပါတယ်လို့ အရင်တပတ်တည်းက ရေးသားခဲ့ပီးသားဖြစ်ပါတယ် ..... ဒါကို ပေါ့ပေါ့လေး မတွေးစေချင်ပါဘူူးး .... ကိုယ့်အဖြေ အပြုအမူ ကိုယ့်ရဲ့ တတ်သိကျွမ်းကျင်မှုဟာ နိုင်ငံတခုရဲ့ ပုံရိပ်ကို လာပီးစကားပြောပါလိမ့်မယ် ..... အထူးသဖြင့် ဂျပန်တွေဟာ သိပ်စနစ်ကျတယ် .... သူတို့က လူတယောက်ရဲ့ ရိုးသားမှုကို သိပ်တန်ဖိုးထားသလို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲမြင်ကြပါတယ် (ကိုယ်တိုင် အတွေ့အကြုံအရပါ) ..... (အလုပ်ကို မင်းဟာ အလုပ်နဲ့တူအောင် သူတို့ စိတ်တိုင်းကြတဲ့အထိ လုပ်ခိုင်းမှာ ဖြစ်သလို မင်းကို အလုပ်သဘောအရ ဘယ်လိုပဲ တည့်တည့် မတည့်တည့် မင်းရသင့်တဲ့ အခွင့်အရေးဆိုရင်တော့ ကိုယ်ကတောင်းဆိုရင် သူတို့က လိုက်လျောပါတယ် ..... ကိုယ်ကတော့ ကိုယ်ရနိုင်တဲ့ အခွင့်အရေးတွေကိုတော့ သိဖို့ လိုပါလိမ့်မယ် ..... တောင်းဆိုရဲဖို့လည်း လိုပါတယ်) မြန်မာနိုင်ငံသားတွေ အများစုဟာ တပါးသူအပေါ် လေးစားစွာဆက်ဆံတာနဲ့ ကြောက်ရွံ့စွာဆက်ဆံတာကို မကွဲပြားကြပါဘူးးး .... လေးလေးစားစားကတော့ ဆက်ဆံရမယ် ဒါပေမယ့် ကြောက်ရွံ့နေစရာမလိုပါ ..... ရိုးသားမှုဆိုတဲ့အကြောင်းကို ပြောမယ်ဆို ဒီအကြောင်းအရာကို ချန်ထားလို့ မရပါဘူးးး .... လူတွေဘာလို့ ညာဖို့ ကြိုးစားတာလဲ .... ကိုယ်မသိတာကို ဘာကြောင့် မသိကြောင်း ရိုးသားစွာ မပြောရဲကြတာလဲ ...... အဲ့ဒါကတော့ ကြောက်ရွံ့ကြလို့ပါ .... 

တော်တော်များများအတွက် အဖြေကတော့ အဲ့ဒါပါပဲ ...... 

ပထမဆုံးကြောက်ရွံ့ခြင်းကတော့ ငါ့ထက်တတ်တဲ့သူက ငါ့လာဗျူးတယ်ဆိုပီး တပါးသူအပေါ် ရှိန်ခြင်းဖြစ်ပါတယ် ..... အဲ့တော့ ကိုယ်မတတ်ဘူးဆိုတာမျိုး မဖြစ်စေချင်လို့ ဟုတ်တာရော မဟုတ်တာရော လျှောက်ဖြေတော့တာ .... အဲ့မှာဂွမ်းတတ်ပါတယ် .... 

ဒုတိယကြောက်ရွံ့ခြင်းကတော့ ကိုယ့်ကိုယ်ကို ကြောက်ရွံ့ခြင်းပါပဲ ..... ကိုယ်မတတ်လို့မှ ပညာသွားသင်ရမှာပါဆိုတာကို လွယ်ကူစွာ သဘောမပေါက်တာ ..... မတတ်လို့ သွားသင်ရမယ့်ကိစ္စဟာ ကိုယ်အကုန်တတ်ပြနေစရာ မလိုပါဘူး .... မသိတဲ့ဟာကို မသိကြောင်းပြောပီးးး ဆက်၍လေ့လာပါ့မယ်ဆိုရင်ကို သူတို့တွေ ကျေနပ်နေကြပါပီ ..... 

အခုပြောနေတာက ကိုယ့် proposal ပြင်ပက မေးခွန်းတွေ မေးလာရင် သိတာကို သိတယ်နဲ့ မသိတာကို မသိဘူးဖြေဖို့ကိုပဲ ပြောနေတာ ဖြစ်ပါတယ် .... ဒါပေမယ့် ကိုယ့် proposal ထဲမှာ ရေးထားပီဟေ့ ဆိုရင်တော့ ကျေကျေလည်လည်ရှင်းနိုင်အောင်သာ လုပ်ထားပေတော့ပဲ ..... နို့မို့ဆို ကိုယ့် knowledge မရှိပဲ တခြား sources တွေကနေ ခိုးချ ကူးချထားတယ်လို့ သေချာပေါက်ထင်သွားနိုင်ပါတယ် ..... အာ့ဆိုရင်တော့ အရစ်ခံရဖို့ရာ ရှိပါတယ် .... ဘာကြောင့် ရစ်မှာလည်းဆိုရင် ဒါဟာ မင်းမသိဘူး သို့မဟုတ် သိတယ် ဆိုတာကို သေချာစေဖို့ပါ .....

 

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ (အပိုင်း ၂)

In New York City, Under portrait of UN Secretary General U Thant.

In New York City, Under portrait of UN Secretary General U Thant.

ကျနော် ငယ်ငယ်ကတော့ အတန်းတိုင်းလိုလိုမှာ ဆုတွေရလေ့ရှိတယ် ..... အိမ်က မိဘတွေကလည်း ထရိန်းနင်းကောင်းတယ်လေ ..... ၁၀ တန်းကျတော့ ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ် .... အိမ်က ဆေးကျောင်းတက် ဆရာဝန်ဖြစ်စေချင်ခဲ့တာ ..... ကိုယ်ကတော့ ဆရာဝန်ဆိုတာကို လုံးဝ ဝါသနာမပါ ..... အမှတ်လည်း မမှီဘူးး ... ဆေးကျောင်းမတက်ရတော့ဘူးး ... အိမ်ကလည်း အာ့ဆို အင်ဂျင်နီယာတော့ ဖြစ်စေချင်တယ်ဆိုတာနဲ့ မိဘတွေ စိတ်တိုင်းကျ အင်ဂျင်နီယာဘွဲ့ရအောင် ၅ နှစ်တက်ပီး ယူပေးခဲ့တယ် ..... ငယ်ကတည်းက ကိုယ်ဖြစ်ချင်တာက စီးပွားရေး လုပ်ငန်းရှင်တယောက်ဆိုတော့ အင်ဂျင်နီယာကျောင်းတက်နေရင်းနဲ့ ဒုတိယနှစ်မှာပဲ မန္တလေးတက္ကသိုလ်ထဲက လေးထပ်ကျောင်းဆောင် အသစ်မှာ ညနေပိုင်းဖွင့်တဲ့ စီးပွားရေးပညာရပ်နဲ့ဆိုင်တဲ့ သင်တန်းကို အချိန်ပေးပီး တက်ဖြစ်ခဲ့တယ် ... အိမ်ကမသိအောင်ပေါ့ ..... ဘာလို့ဆိုတော့ ကျနော်တို့လက်ထက်မှာက GTC တက်တာမှာ B.E ထိ ဘွဲ့ရ ဖို့က ပေါင်းကူးကနေ သွားရတာလေ ......G.T.C ၂ နှစ် B.Tech ၂ နှစ် ပီးတော့မှ နောက်ဆုံးတစ်နှစ်က B.E ပါ .... အဲ့တော့ အဆင့်ဆင့်သွားရတယ် ..... ကြားထဲမှာ စာမေးပွဲမအောင်ရင် လိုချင်တဲ့ ဘွဲ့မရတော့ဘူးလေ .... အဲ့တော့ ကျနော်က တခြားဟာတွေ စိတ်ဝင်စားပီး သွားတက်နေတာ သိရင် ဒီဘက်က အင်ဂျင်နီယာကျောင်းက စာမေးပွဲတွေမှာ အားနည်းသွားမှာစိုးလို့လို့ အိမ်ကပြောတော့ ထပ်အသိမပေးဖြစ်ခဲ့ပါဘူးးးး .... ကိုယ့်ဘာသာ မုန့်ဖိုးစုပီးတက်ခဲ့တယ် ..... အမေတို့အတွက် ယူပေးချင်တဲ့ အင်ဂျင်နီယာဘွဲ့ကိုလည်း လက်မလွတ်စေရဘူးလို့ သံဓိဌာန်ချခဲ့တယ် .....

အဲဒီစီးပွားရေးပညာရပ်နဲ့ဆိုင်တဲ့ သင်တန်းကိုလည်း certificate တန်းကနေ စတက်တာ ဒီပလိုမာတန်းထိ ၄ နှစ်လောက်ကြာခဲ့တယ် .... အင်ဂျင်နီယာဘွဲ့ရတဲ့နှစ်မှာပဲ .... စီးပွားရေး ဒီပလိုမာဘွဲ့ကိုလည်း ရခဲ့တယ် .. ( မနက်ပိုင်းမှာ B.E တန်းစာမေးပွဲကိုဖြေပီးး ညနေ ၅ နာရီကနေ ၇ နာရီမှာ ဒီပလိုမာတန်း စာမေးပွဲကို ဖြေခဲ့ရတာကတော့ အတော်တိုက်ဆိုင်လှသလို မေ့ဖို့လည်း အတော်ခက်ပါတယ် .... pressure တွေလည်း များခဲ့တာပေါ့) ဒါပေမယ့် စာမေးပွဲ ၂ ခုလုံးကို ချောချောမောမော အောင်မြင်ခဲ့ပါတယ် ..... ဘွဲ့ယူတဲ့နေ့မှ အိမ်က diploma ဘွဲ့ရတာကို သိတာပါ .... ဘွဲ့တွေယူခဲ့တာမှာ အိမ်က လိုက်ပေးတဲ့ တခုတည်းသော ဘွဲ့နှင်းသဘင်အခမ်းအနားအဖြစ်လည်း သတိတွေရနေမိပါတယ် ..... ( ၂၀၀၀ ခုနှစ်ဝန်းကျင်က အဓိကက ဘီးကိုပဲ စီးကျတယ်လေ မန္တလေးမြို့မှာ .... မန္တလေးတက္ကသိုလ်အထိဆို ဘီးနင်းရတာ ၄၅ မိနစ်လောက်ကြာပါတယ် ... အိမ်ကနေ .... မြို့စွန်အထိပဲဆိုပါတော့ .... အဲ့အချိန်တုန်းက ဆင်ဖြူကန်ကွင်း ဟိုဘက်မှာ ဆိုတာက လယ်ကွင်းတွေချည်းပဲလေ ... ဒီနေ့အချိန်လို မဟုတ်သေးဘူးးး ....)

ဘွဲ့ရပီးတော့ ထုံးစံအတိုင်း ကွန်ပျူတာသင်တန်း၊ ဘာသာစကားသင်တန်းတွေ ဆက်တက်ပေါ့လေ .... ကြားထဲမှာလည်း တခြားအလုပ်တွေ ဟိုလိုလို ဒီလိုလိုတွေလည်း အများကြီးလုပ်ခဲ့သေးတယ် ..... ၂၀၀၉ မှာတော့ ကိုယ်ပိုင်စီးပွားရေး စလုပ်တယ် .... ကွန်ပျူတာ သင်တန်းဖွင့်တာပေါ့ .... ၂၀၁၁ မှာတော့ လုပ်ငန်းချဲ့တဲ့ အနေနဲ့ ဗလာစာအုပ်တွေကို ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ဖြန့်ချီခဲ့တယ် .... (အလုပ်လုပ်ခဲ့တဲ့ သဘောအနေနဲ့ သိအောင်ရေးပြလိုရင်းသာဖြစ်တာကြောင့် အကျယ်မချဲ့တာ့ပါ ..... ကြိုးစားခဲ့ရတဲ့ ရုန်းကန်ခဲ့ရတဲ့ အခက်အခဲတွေကိုသာ စာစီနေရရင် ကျနော်တို့ လိုရင်းရောက်တော့မှာ မဟုတ်ဘူး)

၂၀၁၂ ထဲမှာတော့ မန္တလေးတက္ကသိုလ်မှာ ဖွင့်တဲ့ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုသင်တန်း M.B.A first batch ကို ဝင်ခွင့် အဆင့်ဆင့်ဖြေပီး တက်ခဲ့တယ် .... ၂ နှစ်ပါ ..... ၂၀၁၄ မှာ ဘွဲ့ရခဲ့ပါတယ် ....

အဲ့နောက်မှာ ဂျပန်သွားကျောင်းတက်ဖို့ ဘယ်လို အကြောင်းဖန်လာခဲ့တယ်ဆိုတာလေး ရေးပါ့မယ် ....

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

In Chicago, USA.

In Chicago, USA.

Letters from Japan (Part 2)

I used to win the prizes in my primary and middle school. My mom and my aunts were the first mentors to me and I got well training. I passed with 3 out of 5 distinctions in tenth standards, my family wanted me to become a medical doctor which actually I am not interested in. But luckily, I could not get the high marks to join the medical institute then my family said that they wanted me to become an engineer. I could not try to deny to my parents for what they wanted me to so I decided to become an engineer although my committed ambition was a business owner. 

While attending the GTC (Government Technical College), I also joined the Certificate in Business Studies (CBS) class opened in Mandalay University at the evening from 5 to 7 p.m. I could not let my family know about attending the business class in MU because my family were very much concerned about the engineering classes and they wanted me to pass engineering exam without a hitch for I have to go step by step to get the Bachelor of Engineering degree by passing GTC classes (2 years) and then B.Tech classes (2years) and at last B.E classes for one year. I have to pass all the exams every year so that I can get B.E within 5 years. So I took the business class by myself without knowing my parents. (I saved my pocket money to attend the business class.) I had to go to MU daily by my bicycle and it took about 45 minutes to get there from home. In fact, MU, at that time, is at the outskirt of Mandalay City. 

I took that business classes for about four years till I got Diploma in Business Studies (DBS). I got Bachelor of Engineering and DBS in the same year; 2005. (At that time, I sat for B.E exam in the morning and sat for DBS exam in the evening. That was unbelievable but I could manage very well. And I also had a lot of pressure at that time.) Among my convocations, the DBS convocation was the only convocation that my family accompanied with me so it was one of the unforgettable events in my life.

After the graduations, I took the computer training classes and other language classes. Until 2009, I’d done a lot in taking classes and jobs. In 2009, I run my own business of computer training center and in 2011, I also produced and distributed note books of my own brand to the whole country as extending my business. Here, I don’t want to highlight the failure and success of my business so that we can reach to our target as fast as it can be although I had a lot of experiences in doing my business.

In 2012, I joined the Master of Business Administration (MBA) first batch class opened in Mandalay University for two years followed by written exam and viva. I got MBA degree in 2014.

Later on, I am going to write about how happen by chance to apply the Japan scholarship program and how I was awarded a scholarship.

to be continued ………

With Love,

Wai Hin Hein Thant

ဂျပန်ပြည်မှ ရေးတဲ့စာ (အပိုင်း ၁)

2012 @ IIMB India.jpg

ဂျပန်ပြည်ကနေ စာရေးရမယ့်အကြောင်းပေါ်လာခဲ့တယ် ...... အဲ့ဒါကတော့ ကိုယ်နဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ AMC က တာဝန်ရှိသူတွေရဲ့ တိုက်တွန်းမှုကြောင့်ပါ ..... ဂျပန်မှာ ပညာတော်သင်နဲ့ လာရတဲ့ အကြောင်းလေးရေးပေးဖို့ပေါ့ ..... ဒါကလည်း အချိန်ပေးပီး ဖတ်ရမယ့်သူတွေအတွက် တခုခု ကျန်နိုင်ဖို့ အကောင်းဆုံးအရာပဲ မဟုတ်လားးး ..... ဗဟုသုတတချို့ ကိုယ်မသိသေးတာတချို့တွေကို သိသွားနိုင်တယ်လေ ..... ဒီလိုအကြောင်းအရာမျိုးနဲ့ ရင်းနှီးပီးသားသူ၊ သိပီးသားသူတွေအတွက်ကတော့ အရစ်ရှည်နေတယ်လို့ သဘောမထားပဲ မုဒိတာပွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် .....

ဂျပန်ပြည်မှာ စာသွားသင်တဲ့ အကြောင်းအရာကို ရောက်လာဖို့ ကျနော်ရဲ့ နောက်ခံအကြောင်းအနည်းငယ်နဲ့ အစပြုချင်ပါတယ်

ငယ်တုန်းတည်းကနေ ခုချိန်ထိပေါ့ .... အရမ်းထူးချွန်တဲ့ သူတွေထဲမပါသလို ညံ့ဖျင်းနေတဲ့သူတစ်ယောက်တော့လည်း မဟုတ်ပါဘူးးး ... မိဘဆွေမျိုးတွေက ဆရာ၊ ဆရာမအသိုင်းအဝိုင်းထဲကဆိုတော့ အပြောအဆို ယဉ်ကျေးတဲ့ထဲတော့ ပါခဲ့တယ် ..... တခြားလူကြီး သူမတွေက ကျနော့်ကို လိမ္မာတယ်လို့ ချီးကျူးလေ့ ရှိကြပေမယ့် ကိုယ့်ကိုယ်ကို လိမ္မာတယ်လို့ တခါမှ မထင်ဖူးဘူး ... ဂျစ်ကန်တယ်၊ ခေါင်းမာတယ်၊ စိတ်ရင်းကောင်းတယ် ထင်ရပေမယ့် အတ္တလည်းကြီးတယ် ...... စိတ်မဝင်စားတာဆို လွယ်လွယ် ခက်ခက် (လုံးဝ) မလုပ်ပေမယ့် စိတ်ဝင်စားတာဆိုရင် ဘယ်လောက် ခက်ခက် ဖြစ်အောင်လုပ်တယ် .... တစ်ဘဝလုံးလုပ်ခဲ့တာအပေါ် ပြန်သုံးသပ်ကြည့်ရင် ဖြစ်သင့်တာထက် ဖြစ်ချင်တာတွေကိုပဲ ရွေးချယ်ပီး လုပ်ခဲ့တာတွေပဲ များတယ် ....

သူများက တော်လိုက်တာလို့ ချီးကျူးခံရဖို့အတွက် အလုပ်မလုပ်တတ်ဘူးးး .... မဆက်ဆံတတ်ဘူးး .... ကိုယ်တိုင်ချထားတဲ့ ဘောင်နဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ပဲ အမြဲ ကြိုးစားတယ် ..... အရာအားလုံး ဖြစ်လာသမျှကောင်းကောင်းဆိုးဆိုး ကိုယ့်အပေါ်ပဲ မူတည်လို့ ခံယူထားသူပါ ..... ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာပဲ လုပ်တယ် ဆိုတဲ့နေရာမှာတော့ ဘယ်သူ့အပေါ်မှ မထိခိုက်ရဘူးဆိုတဲ့ ကိုယ်ပိုင်မူတော့ ထားပါတယ် ..... (ကိုယ့်ကိုယ်ကလွဲရင်လည်း တခြားသူတွေကို စိတ်မဝင်စားတတ်ဘူးးး .... ကိုယ်နဲ့ပေါင်းနေတဲ့သူ၊ ကိုယ့်အပေါ်ချစ်တဲ့သူတွေလောက်ပဲ အာရုံရှိတာ .... ကျန်တာကတော့ ခေါင်းထဲကို မထည့်ဘူး ...... ဘယ်လိုအခြေအနေမျိးပဲရှိရှိ) ဒါက ကျနော်ကိုယ်တိုင် နေထိုင်ပြုမူတဲ့ စိတ်ထားအကြောင်း တစေ့တစောင်းဖြစ်ပါတယ် ..... 
(ကျနော် ဘဝမှာ သူများတွေ ဝေဖန်တာ တိုက်ခိုက်တာတွေ ခံရလွန်းလို့ အာ့တွေသာ လိုက်ပီးနာနေမယ်၊ ခံစားနေမယ်ဆိုရင် ဒီနေ့လို အခြေအနေမျိုးဖြစ်လာဖို့ အတော်ဝေးပါတယ် ...)
အခုချိန်မှာ တိုက်ခိုက်ခံရတာတွေ လျော့သွားပီလားဆိုတော့ ဟင့်အင်းး ပိုတောင်များလာသေးတယ်ဗျာ ....... ဒါဟာ အခြေအနေတခုရဲ့ ပြယုဂ်ပါ ... ကောင်းလား၊ ဆိုးလားဆိုတာကတော့ ကိုယ့်ပြုမူနေထိုင်ပုံနဲ့ ကိုယ့်အပေါ်ကို ကောင်းချီးပေးကြ ချစ်ကြတဲ့ အသိုင်းအဝိုင်းရဲ့ အဆင့်အတန်းကသာ ကိုယ့်ပြယုဂ်

 ဖြစ်လာပါလိမ့်မယ် ........

ကျနော်ရဲ့ ပညာရေးအကြောင်းလေး ဆက်ပြောပါ့မယ် .....

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

 

Letters from Japan (Part 1)

Hello!! This is Wai Hin Hein Thant. I have given a chance to write about my experiences on the blog just because of the encouragement of my friend, Mark; owner of Asia Management Consultants (AMC). The writing will be about how how I came to be here, and my academic life in Japan. That would be the interesting and knowledgeable to those who seeking for the contents of how to apply and get a scholarship.

Before writing about my study life in Japan, let me introduce about myself; especially my personality and the educational background. 

Since my childhood, I am just a normal guy; neither an outstanding student nor a poor student. Most of the elders usually said that I am am polite and clever but I never think of that to myself. It would be visible that I usually act perversely, obstinate and even though it seems that I got a good nature but actually I have a lot of ego for myself. I usually am able to concentrate on the thing at HND that I am most interested in and improve and learn from it.

I always try to be true to the ideals of what I think is right. Moreover, I believe that every single failure or success earned would totally depends on my own self. So I don’t blame others for whatever reasons. (Take responsibility for your own actions!! Be true to who you are!!) I have a long life plan for what I want to be in the future. This is my blog and this is who I am. 

to be continued ………

With Love,

Wai Hin Hein Thant