ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၂၂)

waihin with group hanami red.jpg

ကျနော် ဒီစာတွေ ရေးလာတာ အခု အပိုင်း (၂၂)ကိုတောင်ရောက်လာပါပီ ..... မကြာခင်မှာ တနှစ်ပြည်တော့မှာပါ ..... ရေးနေတဲ့ စာမှာ ခေါင်းစဉ်တပ်ထားတာက ဂျပန်ပြည်မှ ရေးတဲ့စာပေါ့လေ .... တကယ်တော့ တချို့အပိုင်းတွေက ဂျပန်ပြည်ကနေ ရေးတာမဟုတ်ပဲ မြန်မာပြည်ပြန်တဲ့အချိန်မှာ ရေးဖြစ်တာတွေလည်း ရှိပါတယ် ..... အခုလည်း မြန်မာပြည်မှာ ရှိနေတုန်းမှာ ရေးဖြစ်နေတာပါ ..... အပိုင်း (၂၄) ထိလောက်များပီးသွားရင် ခေါင်းစဉ်တမျိုးနဲ့ ပြောင်းရေးမလားလို့ စဉ်းစားနေပါတယ် ..... ဘာခေါင်းစဉ်တပ်ဖြစ်မယ်နဲ့ ဘာအကြောင်းအရာကို ရေးဖြစ်မယ်ဆိုတာကတော့ စဉ်းစားနေတုန်းပါပဲ .....
Technology နဲ့ ပတ်သက်တာ ရေးရင်ကောင်းမလား၊ management နဲ့ ပတ်သက်တာရေးရင်းကောင်းမလား၊ business နဲ့ ပတ်သက်ဆက်နွှယ်တာလေးတွေ ချပြရင်ကောင်းမလား၊ သူများနိုင်ငံတွေမှာ လုပ်ကြတဲ့ စဉ်းစားကြတဲ့ ကျင့်သုံးနေကြတဲ့ urban planning အကြောင်းကိုပဲ စာတွေ့ဖတ်ထားတာတွေ လက်တွေ့ကြုံခဲ့ ကြုံဖူးတာတွေနဲ့ အမြင်ချင်းဖလှယ်ရင်ကောင်းမလား၊ ဒါမှမဟုတ် Japanese Construction Technology အကြောင်းတွေပဲ ခေါင်းစဉ်တပ်ရေးရမလား၊ ဂျပန်နိုင်ငံမှာ လုပ်ခဲ့ရတဲ့ အလုပ်အတွေ့အကြုံရေးရင်ရော စိတ်ဝင်စားကြမလား၊ ဂျပန်နိုင်ငံရဲ့ ကမ႓ာ့ထိတ်ထိတ်ကြဲ ကုမ္ပဏီ အခု ၂၀ နီးပါးကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ရတဲ့အချိန်တွေကို စမြုံ့ပြန်ရင်ကောင်းမလား (ဒါပေမယ့် အဲ့အကြောင်းအရာတွေက လောလောဆယ် confidential ဖြစ်နေတော့လည်း အဆင်မပြေနိုင်ပြန်ဘူး)၊ သွားခဲ့ဖူးတဲ့ နိုင်ငံတွေရဲ့ ခရီးသွားဆောင်းပါးလေးတွေနဲ့ မျှဝေရင် ကောင်းမလားဆိုတာကတော့ အခုထိ သေချာကို မဆုံးဖြတ်နိုင်သေးပါဘူး .....
အပိုင်း (၂၄) ထိရေးမယ့်အကြောင်းအရာကတော့ ကျနော် ဂျပန်ပြည်မှာ မာစတာ ၂ နှစ်ကျောင်းတက်ဖို့ နေခဲ့တုန်းက ကြုံခဲ့ရတဲ့ ကျောင်းသားဘဝရဲ့ အဆိုးအကောင်း၊ ရရှိခဲ့တဲ့ ဆုံးရှုံးမှုနဲ့ အောင်မြင်မှုတွေ၊ ပြဿနာတွေ ဖြေရှင်းရပုံတွေကို အဓိကရေးဖြစ်ခဲ့တယ် ..... ရေးဖြစ်သွားမှာပါပဲ .....
ဒီတပတ်အတွက် ပို့စ်တွေတော့ ကျနော် အရှည်ကြီးတွေ မရေးနိုင်ခဲ့ဘူး .... ခါတိုင်းထက် အလုပ်တွေ ပိုရှုပ်နေချိန်မို့ပါ .... နောင်ပို့စ်တေမှာ အတိုးချပီး စာရှည်ရှည်လေးတွေ ရေးပြနိုင်အောင် အားထုတ်ကြိုးပမ်းပါ့မယ်လို့ ကတိပေးရင်း ....

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၂၁)

Part 21.JPG

ဒီလိုနဲ့ ကိုယ် presentation လုပ်ရမယ့် နေ့ လုပ်ရမယ့် အချိန်ရောက်လာပါပီ။
Presentation လုပ်ချိန်က မိနစ် ၃၀၊ Q&A က မိနစ် ၂၀ ပါ စုစုပေါင်း မိနစ် ၅၀ လုပ်ခဲ့ရတဲ့ presentation တသက်လုံး မမေ့နိုင်ပါဘူး ..... ကျနော် အောင်မြင်စွာ အဆင်ပြေစွာ စိတ်တိုင်းကျစွာ presentation ကို လုပ်နိုင်ခဲ့တယ် ..... တခြားကျောင်းက ပါမောက္ခဆရာကြီးတွေရဲ့ အကြံပေးချက်တွေကို နွေးထွေးစွာ လက်ခံရရှိခဲ့သလို ကျောင်းသားတွေရဲ့ မေးခွန်းတွေကိုလည်း အကောင်းဆုံးဖြေနိုင်ခဲ့ပါတယ် ..... ထူးခြားတာကတော့ ကျနော့်ဆရာကိုယ်တိုင်ရဲ့ မေးခွန်းတွေပါပဲ ..... သူကျနော်ပြတဲ့ presentation ကို အံ့သြတကြီးဖြစ်ခဲ့တယ် .... ကျေနပ်ခဲ့တယ် .... ဘယ်လိုမှ မထင်ထားခဲ့ဘူးဆိုတာ သေချာတယ် ..... ကျနော်လုပ်ပြထားတဲ့အပေါ်မှာ ဖြစ်နိုင် မဖြစ်နိုင် data ရနိုင် မရနိုင် နောင်အတွက် အကျိုးရှိမရှိနဲ့ ဖြစ်လာနိုင်တဲ့ constraints တွေနဲ့အတူ အားသာချက်တွေကိုလည်း မေးခွန်းတွေမေးရင်း ထည့်သွင်းဆွေးနွေးပေးသွားတယ် .... ကျနော့်အတွက်တော့ မင်္ဂလာအရှိဆုံးသော နေ့ရက်တရက်ဖြစ်ခဲ့တယ် ..... ကျနော့်ရဲ့ ကြိုးပမ်းအားထုတ်မှု၊ စံနစ်တကျကြိုတင်ပြင်ဆင်မှု၊ စိတ်ဓာတ်ပြင်းပြမှုတွေက ကျနော့်ကို ရလာဒ်ကောင်းတွေဆီ သယ်ဆောင်သွားတာပါ။ ဘေးကနေ အကောင်းဆုံးပံ့ပိုးသူတွေကတော့ ကျနော် သိချင်တာတွေကို စိတ်ရှည် လက်ရှည် ပြောပြ အကြံပေးခဲ့ကြတဲ့အရင်အပိုင်းမှာ ဖော်ပြခဲ့ဘူးတဲ့ သူတွေပါပဲ ....
ဆရာ့ရဲ့ အားတက်သရော မေးခွန်းထုတ်မှုတွေ၊ အကြံပေးမှုတွေအတွက် ကျနော် တကယ်ပဲ အားတက်ခဲ့တယ် ..... ဆရာ့ရဲ့ အားပေးမှု ဆရာ့ရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာ (သူကိုယ်တိုင်လည်း စိုးထိတ်နေခဲ့မှာပါ ... ဒီကောင်တခြားသူတွေရှေ့မှာ ဘာတွေများလုပ်လာမှာလည်းဆိုပီးလည်း စိုးရိမ်နေခဲ့လောက်ပါတယ်) အခုတော့ စိတ်အေးပီး မင်းဖြစ်ချင်တာတွေကိုပဲ လုပ်ခွင့်ပေးတော့မယ် ... ဖြစ်စေရမယ်ဆိုတဲ့ စိတ်မျိုးပိုင်းဖြတ်ခဲ့ပုံပါ .... အဲ့နောက်ပိုင်း ပုံမှန် meeting တွေမှာဆို ဆရာ တအားပြောင်းလဲ လာတယ် ... အရင်လို မာန်မဲတာ ဆူတာ ကျနော်အပါအဝင် တခြားကျောင်းသားတွေကို မှိုချိုးမျှစ်ချိုးပြောတာတွေ သိသိသာသာကို နည်းသွားတယ် .... ဒုတိယနှစ်မှာဆို စတွေ့ခါစကနဲ့ ဘာမှကို မဆိုင်တော့တဲ့ တော်တော်ကြီးပြောင်းလဲသွားတဲ့ ဆရာအဖြစ်နဲ့ ကျနော်တို့တွေ ဆက်ဆံခဲ့ရတော့တယ် .... အပြစ်တင်တာတွေ သိပ်မလုပ်တော့သလို guideline ပေးတာတွေ၊ အကြံပေးတာတွေ research နဲ့ ပတ်သက်ပီး တစုံတရာနားမလည်ဘူးလို့ ထင်တဲ့ ကျောင်းသားတွေကို အချိန်ပေးပီး ရှင်းပြတာ အကြံပေးတာတွေ ပိုလုပ်လာတွေဟာ ကျနော်တို့ မျက်မြင်ပဲ ....
ကျောင်းသားတွေ ပျော်ကြတာ ဝမ်းသာကြတာဟာ သိသာလွန်းတယ် ...... အများစိတ်ထဲမှာ ကျနော့်ကြောင့် ဆရာဟာ အမြင်တွေကအစ ပြောင်းလဲသွားတယ်လို့ ထင်ကြတာ .... အမှန်တော့ မိမိကိုယ်တိုင်ရဲ့ စိတ်ပါပဲ ..... ကိုယ်တိုင်မပြောင်းချင်သရွေ့တော့ ဘာအကြောင်းပေါ်ပေါ် ဘယ်တော့မှ မပြောင်းပါဘူး ..... ဒါက တိုက်ဆိုင်တာပါပဲ ..... တိုက်ဆိုင်မှုတွေနဲ့ ပြောင်းလဲပေးခဲ့မှုအပေါ် ဆရာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ် .....
ဒုတိယနှစ်မှာ ကျောင်းသားတွေရဲ့ မျက်နှာပိုဝင်းလာတယ် ..... လွတ်လပ်မှုတွေ ပိုမြင်လာရတယ် ..... ပျော်ရွှင်မှုတွေက အချင်းချင်းကို ကူးစက်စေသလို ရလဒ်တွေကိုလည်း ပိုကောင်းလာစေပါတယ် ....

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၂၀)

ကျနော်စဉ်းစားထားခဲ့တဲ့ constraints တွေအတွက် ကျနော် paper တွေ အများကြီးဖတ်ရတယ် ... sample question တွေ ထုတ်တယ် ... ဘယ် statistics software ကို သုံးရင် အဆင်ပြေနိုင်မလဲ ဆုံးဖြတ်တယ် .... လိုအပ်မယ့်ဒေသဆိုင်ရာ ဒေတာတွေအတွက် မန္တလေးမြို့တော်စည်ပင်ကို ဆက်သွယ်ပါတယ် .... ဒီနေရာမှာတော့ နာမည်လေး ထည့်ရေးခွင့်ပြုပါ .... မန်းစည်ပင်မှ လေးလေး ဦးဇော်ဝင်းမှ presentation အတွက် လိုအပ်တဲ့ ခေါင်းစဉ်အတွက် မေးမြန်းပြောဆိုချက်များကို လှိုက်လှဲစွာဖြေကြားပေးတဲ့အပြင် လိုအပ်မယ်လို့ ယူဆတဲ့ အကြံဉာဏ်များကိုလည်း စိတ်ရောကိုယ်ပါ လမ်းပြညွှန်ကြားပေးခဲ့ပါတယ် .... အဲ့အတွက် ကျေးဇူးတင်မဆုံးနိုင်ပါဘူး .... ဘယ်လိုဒေတာမျိုးတွေကို ပံ့ပိုးပေးနိုင်တယ် ... ဘယ်ဒေတာတွေအတွက်ခက်မယ် ကြိုစဉ်းစားဖို့လိုတယ် စသဖြင့်လည်း သတိပေးပြောဆိုခဲ့ပါတယ် ... ကျနော်က ဒီ research ကိုလုပ်မယ်ဆိုရင် research contents ကိုပါ တခါတည်းပြဖို့ ရုပ်လုံးပေါ်အောင်ပြောပြနိုင်ဖို့ လိုအပ်ပါတယ် .... ဒီနေရာမှာ ကျနော့်အတွက် အားသာချက်ရှိနေတာက မကြာသေးခင်ကမှ ကျနော်ဟာ MBA ဘွဲ့ရခဲ့တဲ့သူ ဖြစ်တယ် .... ကျနော်ရဲ့ MBA research paper အတွက်လည်း အကြေအလည်ကြိုးစားလုပ်ခဲ့တဲ့သူဖြစ်တယ်ဆိုတော့ ကျနော့်မှာ research frame အတွက်သိပ်စိုးရိမ်မနေခဲ့ပါဘူး .... MBA မှာ ဆရာမ ဒေါက်တာဒေါ်စိုးသူရဲ့ research နဲ့ပတ်သက်ပီး လမ်းညွှန်သင်ကြားပြသခဲ့မှုတွေက ဒီနေရာမှာ ချွင်းချက်မရှိကို အသုံးဝင်နေတာပါ ... ဒါကြောင့် ကျနော့် research framework ကို ကောင်းကောင်းလုပ်ပြနိုင်မယ်လို့ ယူဆထားတယ် .... ဒေတာတွေတွက်တာနဲ့ ပတ်သက်ပီးတော့လည်း ကိုယ်သုံးချင်တဲ့ software ဟာ အဆင်ပြေနိုင်မပြေနိုင် လမ်းညွှန်မယ့်သူရှိနေပါတယ် .... အဲ့ဒါက ဆရာမ ဒေါက်တာကြိုင်ကြိုင်သက်ပါ ... ကျနော် ဒေတာတွေနဲ့ ပတ်သက်ပီး ကျနော့်ကို အစအဆုံးလမ်းညွှန်သူပါ .... questioner တွေကိုလည်း ဘောင်ဝင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးတွေကိုလည်း အချိန်ပေး ညှိနှိုင်းဆွေးနွေးပေးခဲ့သူပါ ... ကျနော်ခု နာမည်ဖော်ပြပြောဆိုခဲ့သူများဟာ ကျနော်ရဲ့ research ကြီးကို အောင်မြင်စွာ ချီးကျူးခံထိုက်စွာပီးစီးသွားအောင် တကယ့်ကို တထောင့်တနေရာကနေ လမ်းညွှန်ပြသခဲ့ကြသူများဖြစ်ပါတယ် .... နာမည်များကို ဖော်ပြခွင့်ကြုံတဲ့ အတွက်လည်း ဝမ်းသာမိပါတယ် ... နာမည်မဖော်ပြထားသော်လည်း ကျနော်လိုချင်တဲ့သူတွေနဲ့ အချိတ်အဆက်မိအောင် လမ်းညွှန်ပြသခဲ့သူများလည်း ရှိနေတာပါ .... ဒီနေရာမှာ ထည့်သွင်းမဖော်ပြတာကတော့ ကျေးဇူးမတင်လို့ အရေးကြီးပုဂ္ဂိုလ်တွေ မဟုတ်လို့ ဆိုတဲ့ စိတ်မျိုးနဲ့ မဟုတ်ပါဘူး .... စာဖတ်သူများနာမည်တွေနဲ့ မျက်စိလည်နိုင်လို့ စာရဲ့ အထာ လေးသွားမှာစိုးလို့ ဖြစ်ပါတယ်ဆိုတာကို နားလည်ပေးစေချင်ပါတယ် ... နာမည်မဖော်ပြထားသော်လည်း ရင်ထဲမှ အချိန်နဲ့အမျှကျေးဇူးတင်နေပါတယ် ... ဆရာက joint seminar မတိုင်ခင် ၃ ရက်လောက်အလိုမှာ ကျနော်ဘာတွေ ပြင်ဆင်ထားလည်းဆိုတာကို လာပြခိုင်းပါတယ် .... ဒီနေရာမှာ တခုတော့ ဝန်ခံပါရစေ ... ကျနော်လုပ်ထားတဲ့ သေချာကို လုပ်ထားတဲ့ အားထည့်ထားတဲ့ research framework အစစ်ကို ဆရာ့ကို မပြခဲ့ပါဘူး .... မယုတ်မလွန်အနေအထားမျိုးနဲ့ ပြင်ဆင်ထားတဲ့ presentation တခုကိုပဲ ဆရာ့ကို ပြခဲ့တာပါ ... ဆရာ့ကောမန့်က အပေါ်ယံရှပ်ပီးလုပ်ထားတာမျိုးပဲဆိုတဲ့ မှတ်ချက်ပဲရခဲ့တာပါ .... ဘာကြောင့် ကျနော်အဲ့လိုပြခဲ့လဲဆို ရည်ရွယ်ချက်က တခုတည်းပါ ... ရိုးသားစွာပြောရရင် အဲ့ဒီနေ့ joint seminar မှာ ကျနော် ဘယ်လောက်ကြိုးစားစွာနဲ့ လုပ်ထားပါတယ် ဆိုတဲ့ surprise ကို ပေးချင်ခဲ့တာပါ ... ဆရာက ခိုင်းတဲ့အလုပ်ကို တာဝန်ကျေပွန်စွာ ဘယ်လောက်လုပ်ထားတယ်ဆိုတာကို ပြချင်တာ အသိအမှတ်ပြုစေချင်တာ ... ကိုယ်စိတ်ဝင်စားတာကို ရေလည်အောင် သေချာသဘောပေါက်အောင် ဦးတည်ချက် လမ်းကြောင်းသေချာချထားပီးလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို အသိပေးရင်းနဲ့ ဆရာ့က်ို စိတ်ပေါ့သွားစေချင် ဝမ်းသာသွားစေချင်တာပဲ ... ဆရာက အဲဒီနေ့မှာတော့ ကျနော့်ကို သူမဆူခဲ့ပါဘူး .... ပြောစရာရှိတာတွေ ... ထည့်စေချင်တာတွေ ထပ်ပြောတော့ ကိုယ့်အတွက် အကြံဉာဏ်စိတ်ကူးအသစ်တွေရလို့တောင် ကျနော့် presentation ထဲ ထပ်ထည့်ခွင့် ဖြည့်စွက်ခွင့်ရခဲ့လို့ အမြတ်ထွက်ပါသေးတယ် .... ဒါပေမယ့် အခြေအနေက ဘယ်လိုဖြစ်လာမယ်ဆိုတာ တကယ်ကို ခန့်မှန်းမရနိုင်ခဲ့ဘူး ... ကိုယ့်သဘာသာဘယ်လောက်ကြိုက်ကြိုက် သူတို့ ကြိုက်မှဖြစ်မှာ၊ ကိုယ့်ဘာသာဘယ်လောက်အမှားကင်းကင်း သူတို့ထောက်ရင်တွေ့မှာပဲ ဆိုတာမျိုးတွေ စဉ်းစားမိတော့လည်း စိတ်လှုပ်ရှားမှု ပြင်းထန်ခဲ့ရသော နေ့ရက်များပါပဲ။
မေတ္တာဖြင့် ဝေဟင်ဟိန်းသန့်

 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၉)

အပိုင်း (၁၇) မှာတုန်းက ညွှန်းခဲ့တဲ့ အကြောင်းအရာကို အခုအပိုင်းမှာ ရေးပါ့မယ်။
ဆရာက ကျနော့်ကို joint seminar မှာ presentationလုပ်ဖို့ အကြောင်းကြားလာပါတယ်။ second semester ဒုတိယလထဲလောက်မှာပေါ့ .... ကျနော်တော်တော်အံ့သြမိခဲ့တယ် .... ဘာဖြစ်လို့လဲဆိုတော့ သူများတွေ joint seminar မှာ presentation လုပ်တာကို ရှေ့မှာ ကျနော် တွေ့ဖူးခဲ့ပီလေ .... တခြားတက္ကသိုလ်က ဆရာတွေ၊ ကျောင်းသားတွေအများကြီးနဲ့ သက်ဆိုင်ရာ ဌာနက ဆရာတွေရော ကျောင်းသားတွေရော အတော်ကိုများတယ် ... လူရာကျော်တက်ကြတဲ့ပွဲ .... ကျနော်သိသလောက် ကျနော်တို့ IDEC မှာ အဲ့လို တခြားတက္ကသိုလ်နဲ့ပေါင်းပီး semester တခုကို တခါ joint seminar လုပ်တာ ကျနော့် lab တခုပဲရှိတယ် .... ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာ လုပ်နေကြတဲ့ research တွေမှာ အချင်းချင်း comments တွေပေးပီး အကျိုးပိုရှိလာစေဖို့ ရည်ရွယ်တာပါ ... မေးခွန်းတွေ နှိုက်နှိုက်ချွတ်ချွတ်မေး ... သေချာစဉ်းစားပီးဖြေ ... လုပ်ထားတဲ့ data တွေမှာ statistical error တွေတွေ့ရင် ထောက်ပြ အကြံပေးကြနဲ့ ရင်ခုန်စရာကောင်းသလို အကျိုးလည်းရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး ... အဲဒီ presentation အတွက် နှစ်လလောက် ကြိုပြင်ဆင်ကြရတာပါ ... ဆရာက ကျနော့်ကို နောက်မှ အစားထိုးခဲ့တာပါ တခြားတယောက်နဲ့ ... အာ့ကြောင့် ဆရာက ကျနော့်ကို ခေါ်ပြောတဲ့ အချိန်မှာ ပြင်ဆင်ချိန် သုံးပတ်ပဲ ကျန်ပါတော့တယ် ... အဓိက ပြဿနာက အဲ့ဒါမဟုတ်သေးပါဘူး ... ဘာကို ဘာအကြောင်းအရာကို presentation လုပ်ရမှာမှန်း idea ကို ထုတ်မရတာကမှ တကယ့်ပြဿနာပါပဲ ....ကျနော့်မှာ ကျနော်ရေးချင်တဲ့ ခေါင်းစဉ်အတွက် တိကျသေချာတဲ့ data ရနိုင် မရနိုင်က မသေချာသေးတာ၊ statistical data တွေကို ဘယ် software သုံးပီး ဖြေရှင်းမှာ၊ data ကောက်မယ်ဆိုရင် ဘယ်အကြောင်းအရာတွေပါအောင်ကာက်ဖို့ စဉ်းစားထားတာ မရှိသေးတာ စသဖြင့် ခေါင်းထားတာ ပြဿနာတွေ အများကြီးတန်းစီပေါ်လာတာပါပဲ .... ဒါပေမယ့် ဒါကို အခွင့်အရေးတခုအနေနဲ့လည်း ကျနော်မြင်ပါတယ် ... ငါသာ အပိုင်လုပ်ပြနိုင်ရင် ဆရာနဲ့ ငါ့ကြားက ပြဿနာ အတော်လျော့သွားနိုင်တယ်လို့ အတွေးရှိခဲ့သလို မလုပ်ပြနိုင်ခဲ့ရင်လည်း ဆရာ့ဂွင်ထဲရောက်တော့မှာက သေချာသလောက်ဖြစ်နေပီ ... ခေါင်းစဉ်ချိန်းပီး ဆရာက လုပ်စေချင်တာကို လုပ်ပေးရတော့မှာ ... ဘယ်လိုပဲဖြစ်ဖြစ် ငြင်းပယ်လို့ မရမယ့် အတူတူ ငါဖြစ်အောင်လုပ်မယ် အားလုံးအဆင်ပြေသွားလိမ့်မယ် .. ငါလည်းကြိုးစားနေတာပဲ ... ပစ်စလက်ခတ်ဖြစ်စရာအကြောင်းမရှိပါဘူးလို့ပဲ ကိုယ့်ကိုယ်ကို အားပေးပီး ခေါင်းငြိမ့်ခဲ့ပါတယ် .... အဲ့တော့ စောစောက ကျနော်ရေးပြခဲ့တဲ့ constraints တွေရှိတယ် ... အဲ့စာကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်မလဲပဲ ကျနော်စဉ်းစားတော့တယ် ... ဆိုလိုတာက ကျနော်လုပ်ချင်တဲ့ခေါင်းစဉ်တခုကရှိပီးသား မန္တလေးမြို့က ကျူးကျော်တွေနဲ့ သူတို့အတွက် ဖန်တီးပေးဖို့ကြိုးစားနေတဲ့ တန်ဖိုးမျှအိမ်ယာတွေ၊ အဲ့အိမ်ယာအတွက်ပေးနိုင်စွမ်းအားနဲ့ လိုချင်မှုတွေကို ဖော်ထုတ်ပီး အနာဂတ်မန္တလေးကို တစုံတရာ message ပေးချင်ခဲ့တာဖြစ်ပါတယ် .... ဒီဒေတာတွေရအောင် ဘယ်သူ့ကို ဆက်သွယ်မလဲ ... အနိမ့်ဆုံးဘယ်ဒေတာလောက်အထိ တိကျသေချာစွာကိုးကားနိုင်မလဲ ... ဘယ်သူတွေကို မေးမြန်းရမလဲ ... ချည်းကပ်ရမလဲ .... ဟုတ်ပီဖြစ်နိုင်တယ်ဆိုရင် ဒေတာကောက်ရမယ့် sample question ကို ပြင်ဆင်ရမယ် ... ပြင်ဆင်တဲ့နေရာမှာလဲ ကိုယ် အသုံးချမယ့် statistic software နဲ့ relevant ဖြစ်တဲ့ question form လည်းဖြစ်နေရဦးမယ် ... ပီးတော့ ကိုယ်သုံးမယ်လို့ စဉ်းစားလိုက်တဲ့ software က အဆင်ပြေနိုင်မလား ... ကိုယ်လုပ်ချင်နေတဲ့ research အမျိုးအစားအတွက် .... အဲ့တော့ ဒီသုံးပတ်အတွင်း ဘာတွေ ဘယ်လိုလုပ်ကြမလဲ ... ကျနော်ခေါင်းမွှေးထောင်မတတ်စဉ်းစားရပါပီ .... ဘယ်သူတွေက ဒီလိုမျိုး joint seminar မှာ presentation လုပ်ရတာလဲ စသဖြင့်မေးခွန်းတွေက ရှိလာပါတယ် ... သမရိုးကျ လုပ်နေကြလုပ်ရတဲ့ သူတွေကို ပြန်ကြည့်ရင် second semester ပီးပီးသားသူတွေသာ လုပ်ကြရတာပါ ... သူတို့က အတန်းတက်စရာမလိုတော့ဘူး .... second semester ဆို လူတိုင်း လိုအပ်တဲ့ credit ပြည့်ကြတယ် .... အဲ့တော့ research work အတွက်အချိန်ပိုရတာ တပိုင်း၊ အဲ့အချိန်လောက်ဆို ဆရာနဲ့ တပည့်က အကျေအလည်တွေ ဆွေးနွေးပီးကြလို့ ကိုယ့် research ဘာလုပ်မယ်၊ ဘယ်လိုလျှောက်မယ်ဆိုတာကို သိပီးသားသူတွေသာ လုပ်ကြတာပါ .... ပီးတော့ presentation အချိန်က တယောက်ကို နာရီဝက်ဖြစ်ပါတယ် .... presentation မိနစ် ၂၀ အမေးအဖြေက ၁၀ မိနစ်ဖြစ်ပါတယ် .... ဒါက ရှေ့ကလူတွေလုပ်သွားခဲ့တာကို ပြောတာပါ .... ခု တခေါက်လုပ်မယ့် joint seminar ကျတော့ ကျနော့်အတွက် research title အကြမ်းတောင်မရှိသေး ကျန်တာတော့ စဉ်းစားမနေနဲ့တော့။ course work တွေကိုလည်း လွန်လွန်ကျွံကျွံ credit တွေယူထားချိန်ဆိုတော့ ဘယ်လိုမှ မအားတဲ့ကြားက လုပ်စေချင်နေတယ်။ နောက်တချက်က presentation ကျနော်လုပ်ရမယ့်အချိန်က ကြာချိန် မိနစ် ၅၀ ပါ .... presentation လုပ်ချိန်က မိနစ် ၃၀ အမေးအဖြေက မိနစ် ၂၀ ပါတဲ့ဗျာ .... စဉ်းစားသာကြည့်ပါတော့ .... အဲ့ဒီ presentation အတွက် ပြင်ဆင်ချိန်ကလည်း ၃ ပတ်ပဲဆိုတော့ မှန်တာပြောရရင်တော့ အဲ့အချိန်မှာတုန်းက ဆရာ့ကို အမြင်မကြည်လင်ခဲ့ပါဘူး .... သူစကားတွေကို နားမထောင်လို့ သူပိုင်တဲ့ ဘောင်အတွင်းကနေ ငါ့ကိုတော့ သေအောင်သတ်ပီလို့ပဲ မှတ်ယူခဲ့ပါကြောင်း။
မေတ္တာဖြင့် ဝေဟင်ဟိန်းသန့်

 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၈)

ကျနော်တို့မှာ ၂ ပတ်တခါ meeting ဆိုတော့ ကြားချိန်အတွင်းမှာ လာမယ့် meeting အတွက် ပြင်ဆင်နေရတာနဲ့ လူတိုင်းက နားချိန်မရှိပါဘူး ..... ကျနော်က ဆရာလုပ်စေချင်တဲ့ research ကို မလုပ်ပဲ ကိုယ့်နိုင်ငံရဲ့ research ကို လုပ်ဖို့ အကြောင်းပြချက်ခိုင်ခိုင်နဲ့ debate လုပ်ပီးတဲ့အခါ ဆရာက သဘောမကျလှပေမယ့် ခွင့်ပြုလိုက်တယ် ..... ဆရာ့မှာ plan တွေရှိပုံရပါတယ် .... တချိုဆို လုပ်နေတဲ့ research အဆင်မပြေလို့ဆိုပီး ဘွဲ့ယူခါနီးခြောက်လလောက်နေမှ ကပ်ပြောင်းရတာတွေ တွေ့ဖူးတယ် .... မျက်ရည်နဲ့ မျက်ခွက် .... ဆရာ approve မလုပ်ဖူးဆိုရင် ဘယ်လိုမှ မရဘူးလေ ..... ပြောင်းရတယ်ဆိုတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိတယ် .... ဒေတာတွေက valid မဖြစ်တာ ... ကိုယ်ကောက်ခဲ့တဲ့ဒေတာရဲ့ ပုံစံက သုံးမယ့် application နဲ့ အံဝင်ခွင်ကျမဖြစ်တာ ...... ဒေတာက သုံးကြည့်သော်လည်း အဖြေကို run ကြည့်သော်လည်း output ကinterpret လုပ်ဖို့ ဘယ်လိုမှ အဆင်မပြေတာ .... တချို့ result တွေက အဖြေဘယ်နခါတွက်တွက် လက်တွေ့နဲ့ အလှမ်းကွာတာ စတဲ့ အကြောင်းအရာတွေနဲ့ research content တွေ အကုန်ပြန်ပြောင်းကြရတာတွေ ရှိတယ် ....

ဒါဟာ အစမှာကတည်းက literature review တွေ သေချာမဖတ်လို့သော်လည်းကောင်း ကိုယ် run မယ် app software တွေကို မတီးစမ်းကြည့်မိလို့သော်လည်းကောင်း ..... idea အမှားတွေ တွေးမိခဲ့လို့သော်လည်းကောင်း ကိုယ်ကြိုးစားလုပ်ခဲ့ရတဲ့ research အလုပ်တွေက ပျက်စီးသွားတတ်ပါတယ် .... ဒီလမ်းပေါ်တော်တော်ကြာကြာလျှောက်ပီးမှ ကိုယ့် research ကို အစကနေ ပြန်လုပ်ကြရမယ်ဆို ကျောင်းသားတိုင်း သေချင်လောက်အောင် စိတ်ညစ်ကြပါတယ် .... ဆရာကလည်း ကျနော့် အမှားတွေသာများခဲ့ရင်တော့ မင်းငါ့စကားနားမထောင်တော့ ခုတွေ့ပီမလားဆိုပီး တချိန်ချိန်မှာ ပြောချင်နေခဲ့တယ်ဆိုတာ သေချာပါတယ် .... ဒါဟာ အချင်းချင်းသာ သိနိုင်ကြတာမျိုးပါ .... 

ဘာကြောင့် ဒီလို ကျနော်တွေးသလဲ ..... ရှင်းပါတယ် ... ဆရာနဲ့ ကျနော်ဟာ type အတူတူပါပဲလို့ ကျောင်းသားတိုင်းက ပြောတယ် ..... စကားပြောရင် တဲ့တိုးကြီးတွေ၊ နူးညံ့သိမ်မွေ့သလိုလိုနဲ့ စိတ်ဓာတ်မာကြောတဲ့ နေရာမှာလည်း ၂ ယောက် မရှိကြဘူး ..... သူကလည်း ကျောင်းသားတွေကောင်းဖို့ရှေးရှုရင်းနဲ့ သူ့ paper တွေအတွက် result ကောင်းအလုပ်လုပ်သလို ကျနော်ကလည်း ကျနော်နိုင်ငံအတွက်ပဲ research လုပ်မယ် ဘယ်လောက်ခက်ခက်လို့ စိတ်ပိုင်းဖြတ်သူ၊ အလုပ်တခုကို အကောင်းဆုံးဖြစ်ပီရာ်လို့ စိတ်တိုင်မကျမခြင်း အလုပ်ကို အကောင်းဆုံးကြိုးသားလုပ်တတ်သူ၊ အရာရာကို သပ်ရပ်သန့်ရှင်းနေမှ ကြိုက်တတ်သူ (ဥပမာ report ကို သပ်ရပ်အောင် ပြင်လာတာမျိုး၊ မဟုတ်ရင် ပြောတယ်) စသဖြင့် characteristics တွေက တူတယ် ..... အပြင်မှာ ညှိမရပေမယ့် သူဟာ ငါလိုချင်တဲ့ ပုံမျိုးပဲလို့ အပြန်အလှန်သိကြတာမျိုးကို ပြောတာ ..... အော် မာနကြီးကြတာချင်းလည်း သိပ်တူနေတာပါပဲဗျာ ..... သဘောကောင်းတယ် ထင်ရသော်ငြား ထားရမယ့် မာနတော့ ကျနော့်မှာ အကြီးကြီးရှိပါတယ် ...... အဲ့တော့ ဆရာနဲ့ ကျနော်နဲ့မှာ ဖြစ်နေတာက မင်း ငါခိုင်းတဲ့ အလုပ်ကနေသာ အကောင်းဆုံး result ထွက်ရမယ် .... ကျနော်ကလည်း ငါလုပ်ချင်တဲ့ အလုပ်ကနေသာ အကောင်းဆုံး result ထွက်ရမယ် .... ဒီနေရာမှာ လာငြိနေတဲ့ အကြောင်းအရာက အဲဒါပါ .... သွားနေတဲ့ ပန်းတိုင်ချင်းက တူတယ်လေ ..... ကိုယ့် personality သူ့ personality က အချင်းချင်း သဘောတွေ့ပီးသားဆိုတော့ ကျနော်တို့က အကန့်ခွဲနိုင်ကြတယ် ..... ဆရာလည်း အဲ့လိုပဲလို့ ကျနော် ထင်ပါတယ် .... သေချာအတတ်ရယ်လို့ မပြောနိုင်သော်ငြားလည်း ..... ဒါကြောင့်နောက်ပိုင်း ကျနော့်အောင်မြင်မှုအခန်းကဏ္ဍမှာ အဓိက ပံ့ပိုးပေးသူက ဆရာပဲလေ ..... သူသာ ကဏ္ဍခွဲပီး မဆက်ဆံခဲ့ရင် ကျနော် အမေရိကားကို conference သွားတက်ဖို့တွေ (ပိုက်ဆံတောင်ပေးသေး)၊ research ကို ကျနော် တင်ပြချင်တဲ့အတိုင်း တင်ပြခွင့်ပြုတာ၊ chapter ခွဲခွင့်ပြုတာတွေ၊ တခြားတခြားတွေရော ပြန်စဉ်းစားကြည့်ရင် ကျနော်ထင်တာ မမှားဘူးဆိုတာရဲ့ သက်သေပါပဲ .....

ကျနော်က research နဲ့ ပတ်သက်တဲ့ ဆရာ့ကဏ္ဍနဲ့ တခြားကျောင်းရေးရာနဲ့ ပတ်သက်တဲ့ ဆရာ့ကဏ္ဍကို လုံးဝခွဲထားတယ် .... ဒါကြောင့် research နဲ့ ပတ်သက်ရင် ဆရာ့ကို ပုန်ကန်သလိုဖြစ်သော်ညား ဆရာ့ကို အချိန်တိုင်းမှာ လေးစားတယ် .... ရိုသေစွာပြောဆိုဆက်ဆံတယ် .... ကြိုးစားမှုမှာလည်းမလျော့စေရပါဘူး ..... 

ဘာဖြစ်လို့ အဓိကပြောရမယ့် အပိုင်းကို မရေးခင် ဒီလောက်ထိ ခြေဆင်းတွေ ပျိုးနေရသလဲဆိုတာကတော့ ဇာတ်ရည်လည်အောင်လို့ပါ .... ရေးပီးပြောနေရတာဖြစ်တော့ ရေးရင်းရေးရင်းနဲ့ ဘေးကားမသွားအောင်ကလည်း အတော် ဘရိတ်အုပ်ရသေးတာပါ ..... 

ဆက်ပါဦးမယ်

မေတ္တာဖြင့် 

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၇)

အဲ့လို အခြေအနေမှာ ဆရာ့ကလည်း ကျနော့်ကို အပိုးကျိုးအောင်လုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတယ် ...... နမူနာတခုပြောပါ့မယ် .....

ကျနော်တို့ lab က တခြားကျောင်းတွေနဲ့ ပေါင်းလုပ်တဲ့ joint seminar ဆိုတာရှိပါတယ် .... တနှစ်ကို ၂ ခါပါ ..... အကြီးအကျယ်လုပ်တဲ့ပွဲပါ ..... joint seminar က ကိုယ့် lab ရယ် တခြားတက္ကသိုလ်က lab တွေရယ် ကျောင်းသားနဲ့ ဆရာတွေပူးပေါင်း ဖတ်ကြ၊ ဖလှယ်ကြတဲ့ လူပေါင်း ရာချီတက်တဲ့ seminar တခုပါ .... ကောျင်းက ပုံမှန် meeting က တပြိုင်တည်းလုပ်ရင် အယောက် ၃၀ နီးပါး၊ ကိုယ့်ဂရုနဲ့ကိုယ်ခွဲထားတော့ ပုံမှန်အားဖြင့်တော့ ၅ ယောက်ဝန်းကျင်လောက်ပါပဲ ..... ကျနော်တို့ရဲ့ ပုံမှန် meeting က group တခုကို ၂ ပတ်တခါပါ ..... နွေရာသီလို ကျောင်းနှစ်လပိတ်တဲ့ အချိန်မျိုးမှာတောင် အဲ့ဒီပုံမှန် meeting က ရှိနေတတ်တာမျိုးပါ ..... ကျနော်ဆရာ ဘယ်လောက် အလုပ်လုပ်လဲသာ စဉ်းစားကြည့် ..... တခြား lab တချို့ဆို semester တခု (၆ လ) မှ လူတယောက်က ၂ ခါပဲ ဖတ်ရတာ .... ကျနော်တို့က ၂ ပတ်တခါ ..... အာ့ကြောင့် ကျောင်းပိတ်လို့ ဆိုပီးတော့လည်း ကျနော်တို့ lab ထဲက လူတွေခမျာ ခရီးဖြောင့်ဖြောင့် မသွားနိုင်ကြပါဘူးး ..... ဘာလို့ဆို ၂ ပတ်တခါသာ ပြောတာ အဲဒီ ၂ ပတ်အတွင်းမှာ လာမယ့် meeting မှာ ပြဖို့အတွက် အလုပ် အသေအကြေ လုပ်ကြရတာကိုးးး .... ဘယ်မလဲနားချိန် .....

ဒီနေရာမှာ ကျနော့်ရဲ့ အဖြစ်အပျက်တခုကို သတိရလို့ ပြောပြရဦးမယ် ..... ပထမ semester ပီးသွားတုန်းက ကျနော်ထုံးစံအတိုင်း ခရီးသွားတော့မယ် လမ်းများတော့မယ်ပေါ့ .... အာ့နဲ့ လက်မှတ်ဝယ်ပီး တိုကျိုက သူငယ်ချင်းဆီ သွားလည်တယ် ..... ဟီရိုးရှီးမားက သူငယ်ချင်းတစ်ယောက်က လိုက်ပို့တာပါ .... ပို့ပီးနောက်နေ့ ပြန်သွားရော .... အဲ့လိုကောင်းတဲ့ သူငယ်ချင်းတွေလည်းရတယ် ... ဝမ်းသာမိပါတယ် .... တိုကျိုမှာနေဖို့ လက်မှတ်ဖြတ်ထားတာ ၁၀ ရက်လား ၂ ပတ်လား မသိဘူး ... ကျောင်းက ၂ လလောက်ပိတ်တာဆိုတော့ သွားမယ့်သွားကြာကြာနေမယ်ပေါ့လေ .... သူငယ်ချင်လည်းရှိနေတော့ နေစရာ မပူရတာနဲ့ .... ရောက်ပီး ၃ ရက်လောက်ကြာတော့ ဆရာ့ဆီက မေးလ်ရောက်လာတယ် .... ပိတ်ရက်အတွက် meeting schedule ပို့လိုက်တာပါ .... ကျနော်တို့ group က အရင် meeting လုပ်ဖို့ ဖြစ်လာတယ် schedule အရ နောက် ၄ ရက်လောက်နေရင် .... ကိုယ့်မှာ ဒုက္ခရောက်တာပေါ့ဗျာ .... လက်မှတ်ကလည်း fix ဝယ်ပီးသားကြီး ဘယ်လိုပြန်မလဲ ... အဆုံးခံ အသစ်ထပ်ဝယ်ပီး ပြန်ရမှာလား .... နောက်တခု စဉ်းစားမိတာက ဆရာကဘာလို့ ကျောင်းပိတ်ရက်ကြီး meeting ခေါ်ရတာလဲ .... ကျောင်းကတောင် ကျောင်းသားတွေ နားဖို့ ပိတ်ပေးထားတဲ့ဟာ .... အာနဲ့ ဆရာ့ကို မေးလ်ပြန်လိုက်တယ် .... ဆရာ ကျနော် အခု တိုကျိုကို အလည်ရောက်နေပါတယ် .... ဆရာပို့တဲ့ မေးလ်ကို အခုပဲ ဖတ်ရတယ် .... meeting လောလောဆယ် တက်ရမယ်မှန်းမသိလို့ ခရီးထွက်လာခဲ့တာပါ ... ဘယ်နေ့မှ ပြန်လာဖို့ လက်မှတ်ဝယ်ပီးသားဖြစ်နေပါတယ် (တကယ်ဝယ်ထားတဲ့ရက်ထက် ၂ ရက်လောက် နောက်ကျပြောသေးတာ ... ပြန်ရောက်ရင်လည်း ချက်ချင်းသွားမတွေ့နိုင်လို့) အဲဒါပြန်လာမှ meeting ကို ပြန် join လို့ရမလား ..... အကယ်၍ ပို့ထားတဲ့ schedule အတိုင်း မတက်မနေရဆိုရင်လည်း လက်မှတ်အသစ်ဝယ်ပီး ပြန်လာခဲ့ပါ့မယ် .... ဘယ်လိုမျိုးအဆင်ပြေမလဲ ဆရာအကြောင်းပြန်ပေးပါဆိုပီး အီးမေးလ် ပြန်ပို့လိုက်ပါရောလား .... ဘယ်လို အကြောင်းပြန်တယ် ထင်ပါသလဲ .....

ဆရာ့ရဲ့ အကြောင်းပြန်စာကတော့ .... မင်းဘာဖြစ်လို့ ခရီးသွားမယ်ဆို ခွင့်မတောင်းသွားလဲ .... ကြိုမပြောသွားလဲ .... နောက်တခါ ပြောသွားရမယ် .... ငါ့ lab ထဲမှာ အခု ခရီးသွားနေတာ မင်းတယောက်တည်းပဲရှိတယ် ... ကျန်တဲ့သူအားလုံး အလုပ်ကြိုးစားနေကြတယ် .... အကုန်လုံးပဲ .... lab မှာရှိကြတယ် ..... မင်းမှာ research အတွက် အဆင်သင့်ဖြစ်နေတာလည်း ဘာမှ မရှိပဲနဲ့ ခရီးသွားနိုင်တာကို အံ့သြပါသတဲ့ဗျာ ..... လက်မှတ်ဝယ်ထားပီးသားဖြစ်နေရင်လည်း အဲဒီနေ့မှသာ ပြန်လာခဲ့ ..... ပြန်ရောက်ရောက်ချင်း contact လုပ်ပီး လာတွေ့ပါတဲ့ .... report တွေလည်း အဆင်သင့်လုပ်လာပါတဲ့ .... 

ဒီလိုနဲ့ပဲ ပြန်ရောက်မှ (၂ ရက်လောက်နားရသေးတယ် ရက်စွဲကို လွဲပြောထားလို့) .... အဲ့ ၂ ရက်ကတော့ မအိပ်ရဘူး နေ့ရော ညရော report အတွက်ပြင်ရတာဆိုတာ ..... ဒါဟာ ဆရာ အစာမကြေနိုင်သော အကြောင်းအရာထဲက တခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ..... ပြန်လာပီး သူရက်ပြန်ပေးတဲ့ နေ့မှာ သွားတွေ့တော့ သိပ်တော့ မဆူပါဘူး ..... ဘယ်တွေလည်ခဲ့လည်းတောင် မေးပါသေးတယ် .... ဒါပေမယ့် ကျနော် လုပ်သွားတဲ့ report က အရေးမပါသလိုတော့ မှတ်ချက်ပေးလိုက်သေးတယ် .... ကျနော်မှာ report တခုရေးတော့မယ်ဆို မရေးခင် ဦးနှောက်ထဲမှာ အစီအစဉ်ချနေရာတာက ကျနော်အတွက်တော့ အကြာဆုံးပါပဲ ..... သေချာစဉ်းစားသေချာလုပ်ပါတယ် ..... ဒါပေမယ့် ကျနော်က တချို့ report တွေမှာ ဒေတာတွေ အတိအကျ မချပြနိုင်ဘူး ... တချို့ဂဏန်းတွေက အင်တာနက်ပေါ်မှာ ရှာတွေ့သလောက်ရယ်၊ နိုင်ငံခြားက အဖွဲ့အစည်းတွေ ဥပမာ World Bank တို့၊ JICA တို့ အစရှိသဖြင့်ကနေပဲ ရှာပေးနိုင်တယ် ..... ဆရာက အဲ့ဒါကို တော်တော်သဘောမကျတဲ့အထဲမှာပါတယ် ..... ကျနော်ဆို ဆရာ့ကို ရှင်းပြပါတယ် ..... မြန်မာအခြေအနေအရက သူတို့ ဝန်ထမ်းအချင်းချင်းတောင် အချက်အလက်တွေ ဝေငှကြတာ မဟုတ်ဘူး ..... ကျနော်က private sector က လူမို့လည်း ဒေတာတောင်းရတာ ပိုခက်ပါတယ် ..... ကျနော်မကြိုးစားတာ မဟုတ်ဘူး .... ခု ဒေတာတွေရဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘယ်သူတွေ ဘယ်သူတွေဆီကို ဘယ်လိုမေးလ်ပို့ထားပါတယ် ..... ခုထိ ပြန်စာမရသေးလို့ပါ ..... (တချို့တွေကလည်း ပြန်ပါတယ် .... ဒါပေမယ့် လိုချင်တဲ့ ဒေတာမပါလာဘူး .... ထပ်မေးရင်လည်း ပြုစုထားတာ မရှိသေးလို့ ဘာညာဆိုတဲ့ အဖြေမျိုးတွေပဲ များနေခဲ့) ပြောရင်လည်း ကိုယ်က ဘာမှ မကြိုးစားခဲ့တဲ့အတိုင်းပဲ ဆရာ့ comment တွေက တခါတခါ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ် ..... 

အဲ့ဒီအခြေအနေတွေကနေ အတိုချုပ်လိုက်ရင် meeting တခုမှာ သူလိုချင်တဲ့ ဒေတာ မရတာနဲ့ မင်းက ငါ့ကို ညာနေတာပဲဆိုတဲ့ စကားပြောလိုက်တဲ့အချိန်မှာ အင်မတန်ပြဿနာကြီးသွားခဲ့တာပါ ..... ကျနော်လည်း စိတ်မထိန်းနိုင်ခဲ့တော့ဘူးလေ .... ဒါလည်းရှေ့မှာ ပြောခဲ့ပီးသားဆိုတော့ ပထမဆုံးခရီးထွက်တဲ့ အကြောင်းလည်း ရေးမိရင်းနဲ့ အကြောင်းအရာကို ဆက်စပ်မိအောင်ပြန်နွှေးပေးတဲ့ သဘောပါပဲ .....

မေတ္တာဖြင့် 

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၆)

နောက်တပတ်နေတော့ ကျနော်က A4 နဲ့ လေးမျက်နှာလောက်ရိုက်ထားတဲ့ ပြန်ဖြေရှင်းထားတဲ့ report တစောင်ကို ကျနော်ရဲ့ စကော်လာ အဖွဲ့အစည်းကို ပို့လိုက်ပါရော ....... အဲ့မှာမှ ပြဿနာ စတာပါ ...... ကျနော်ပို့လိုက်တဲ့ စာပေါ်မှာ သူတို့တွေက အင်မတန် ဂရုစိုက်ပီး စာပြန်ပါတယ် .... သူတို့ ဒီလိုအကြောင်းတွေကို တကယ်မသိပါကြောင်း၊ ဖြစ်ခဲ့တာတွေ အတွက်လည်း စိတ်မကောင်းကြောင်း၊ ဒီလိုမျိုး အခြေအနေတွေကို ဒီလောက်အကြာကြီး သည်းညည်းခံပီး နေရတဲ့အတွက် အရမ်ဝမ်းနည်းရပါကြောင်း၊ ကျနော်ဆရာက စည်းကမ်းတင်းကျပ်တယ် နာမည်ကြီးပေမယ့် ဒီလိုပြဿနာ တခါမှ မဖြစ်ဘူးကြောင်း၊ ရှေ့မှာလည်း ကျောင်းသားတချို့ ငြီးသံကြားရဘူးပေမယ့် တိုင်ကြားတဲ့အထိတော့ ပြဿနာမဖြစ်ကြောင်း၊ ဒီကြားထဲမှာ သည်းခံပေးပါဦးနဲ့ သူတို့ ဒီပြဿနာကို ကြိုးစားပီး မပြေ ပြေလည်အောင်းရှင်းပေးပါမည့် အကြောင်းတို့ကို စာပြန်ပါတယ် ......
သူတို့ ပြန်စာကို ဖတ်ရတဲ့ အချိန်မှာ ကျနော်အတွက် အရမ်းထူးဆန်းနေတယ် ..... ဘာလို့ သူတို့က ခုမှ သိရသလိုကြီးတွေ လာရေးနေကြတာလဲ ..... အရင်အပတ်ကတည်းက ဆရာပို့လို့ သိပီးသားဖြစ်နေရမှာလေ ..... ကျနော်ရေးတာက counter report ပဲဟာ ..... ဒါနဲ့ပဲ သူတို့ကို ပြန်မေးလိုက်တယ် ...... ခုမှသိကြတာလား ဆရာကက အရင်အပတ်က mail ပို့ထားပီးသား မဟုတ်ဘူးလားလို့ ဆိုတော့ ဆရာ့ဆီက ဘာမေးမှ ဝင်ထားတာ မရှိဘူးတဲ့ .... ခုဒီအကြောင်းတွေကိုတော့ ဝေဟင်စံက စပို့မှ သိလို့ စိတ်မကောင်းဖြစ်နေပါကြောင်း ပြန်ပြောတော့ ..... ကျနော်ကပဲ သူတို့ သမိုင်းမှာ စကော်လာကျောင်းသားအနေနဲ့ ဆရာ့ကို ပညာရေးဆိုင်ရာ စော်ကားမှုနဲ့ စပီး တိုင်တဲ့ ကျောင်းသားဖြစ်သွားတာပါပဲ ..... ကဲ အဖြစ်ကတော့ သွားရော ..... ကိုယ်ကတိုင်တယ် ဖြစ်သွားတော့လည်း မထူးဇာတ်ခင်းရတော့တာပါပဲ ....... ဒီလိုနဲ့ပဲ အကြိမ်ပေါင်းများစွာ ညှိနိုင်းဆွေးနွေး ဆရာနဲ့ရော ကျောင်းသားနဲ့ရော အပြန်ပြန်အလှန်လှန် အကြိမ်ပေါင်းများစွာပေါ့လေ ဆွေးနွေးမှု အပီးမှာ ဘာပြောပြော သွေးအေးသွားကြတာပေါ့ .... ဆရာကပဲ အလျော့ပေးခဲ့ပါတယ် ကျနော့်ကို ဖြစ်ချင်တာတွေ လုပ်ခွင့်ပေးခဲ့တယ် ....... research လည်း မင်း အရင်တင်ထားတဲ့ ဟာကိုလုပ်ပါ ...... သူ guideline ပေးမယ် ကူညီမယ် ..... ကျောင်းကတော့ လာလာ မလာလာ ဆရာက စကားထဲကို ထည့်မပြောတော့ဘူး ..... (ဘာလို့ဆို အပတ်တိုင်းလုပ်ရတဲ့ meeting တွေ seminar တွေမှာ အမြဲ အကောင်းဆုံး လုပ်ပြနိုင်တာကိုးးးး .... ကိုယ့်ဘက်က လုပ်ပြနိုင်ဖို့တော့ လိုတယ်နော်)
ဆရာက ကိုယ်လုပ်တဲ့ research ကိုလည်း သိပ်သဘောကြတယ် ...... မင်းက အရမ်းကြိုးစားတယ် ငါကျေနပ်တယ် .... လုပ်နိုင်သမျှအကောင်းဆုံးဖြစ်တဲ့ထိအောင်လုပ်ပါ ဆိုတာမျိုးတွေထိ ပြောခဲ့တယ် ...... လူတိုင်း chapter ၅ ခန်းပဲ ရေးတဲ့အချိန်မှာ ကျနော်က ကျနော် research ကို အရေးကြီးတဲ့ အချက်နှစ်ခုကို point out လုပ်ချင်လို့ chapter သီးသန့်နဲ့ ရေးခွင့်ပြုပါဆိုပီး ရှင်းပြခဲ့တာကိုလည်း ဆရာက ခွင့်ပြုပေးခဲ့တယ် ..... စုစုပေါင်း ကျနော့် research က အခန်း ရ ခန်းနဲ့ ကျနော်စိတ်တိုင်းကျတဲ့အထိ လုပ်ခွင့်ပြုပေးတယ် ......
ကျနော်က အမေရိကားအထိ conference သွားတက်ချင်တယ် ဆိုတာကိုလည်း ခွင့်ပြုပေးခဲ့သေး
တာပါ ....... ပီးတော့ အဲ့ခရီးစဉ်ကိုလည်း ပိုက်ဆံအကုန်အကျခံပေးခဲ့ပါသေးတယ် ......
ကဲ ကျနော် အဲ့လိုတွေ ဖြစ်ဖို့ ဆရာ့ရဲ့ နားလည်းမှုကိုရဖို့ ကိုယ့်အရည်အချင်းကို ဆရာက အသိအမှတ်ပြုလာဖို့အတွက် ကြိုးစား ရိုးသားခဲ့ရမှုတွေဟာ ကိုယ့်ဘဝရှေ့ပိုင်းမှာ ဘယ်လောက်ဝမ်းစာပြည့်ခဲ့သလဲဆိုတာနဲ့လည်း ဆက်စပ်နေတာပါပဲ ...... ဆက်ရေးပါဦးမယ် 

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၅)

ကျနော့်ဆရာက အရမ်းစည်းကမ်းကြီးသလို သူထားတဲ့ စည်းကမ်းအတိုင်းလည်း တဝေမသိမ်းလိုက်နာသူ ဖြစ်ပါတယ် ...... သူစည်းကမ်းတင်းကျပ်ခြင်းရဲ့ အကြောင်းတရားကတော့ ကိုယ့်ကျောင်းသားတွေကို တော်စေ တတ်စေချင်လို့ ဖြစ်တယ်ဆိုတာကို နားလည်ထားပါတယ် .... ဘာလို့ဆို နှစ်စဉ်နှစ်တိုင်းကျောင်းက ချီးမြှင့်လေ့ရှိတဲ့ အကောင်းဆုံး presentation ဆု၊ အကောင်းဆုံး research paper ဆု စသဖြင့် တနှစ်တာရဲ့ အကောင်းဆုံးဆုတွေကို ဆရာ့ lab က ကျောင်းသားတွေ အများစုပဲ နှစ်စဉ်နှစ်တိုင်းရကြတာ ဖြစ်ပါတယ် .... အဲ့တာ ဆရာ train အတိုင်းလိုက်နာနိုင်ကြလို့သာ ဖြစ်ပါတယ် ...... ဆရာကလေ့ကျင့်ပေးနိုင်တယ် ကိုယ်လိုက်နာနိုင်တယ်ဆိုရင် အကောင်းဆုံးဆိုတာတွေကနေ ပြေးမလွတ်ဘူးဆိုတာပါ ....
ဒါပေမယ့် ကိုက အဲ့လောက်တင်းကျပ်တဲ့ စည်းကမ်းမျိုးကို နေ့စဉ်နဲ့ အမျှလိုက်နာနိုင်ဖို့ ခက်ပီဆိုရင်တော့ ပဋိပက္ခတွေ ဖြစ်လာတော့မှာပါ .... ဆရာ့ concept က ကျောင်းသားတွေသည် ကျောက်းမှာ နေမှပဲ စာလုပ်တယ် ..... အိမ်ရောက်ရင် စာမလုပ်တော့ဘူး ........ အဲ့တော့ မနက် ရ:၃၀ ကနေ ည ၈:၀၀ ထိ ကျောင်းမှာနေ စာလုပ် .... ကိုယ်ကကြတော့ စိတ်ပါရင် အိမ်ဖြစ်ဖြစ် ကျောင်းဖြစ်ဖြစ် ကော်ဖီဆိုင်ဖြစ်ဖြစ် ဘယ်နညးပဲ ဖြစ်နေပါစေ စာလုပ်တယ် ...... စိတ်ပါလို့ စာတကယ်လုပ်ပီဟေ့ဆိုရင် ခဏလေးလုပ်ရင်တောင် အများကြီးခေါင်းထဲရောက်တယ်ပေါ့လေ ..... အဲ့လို မတူတဲ့ concept နှစ်ခုနဲ့ ဆရာနဲ့ ကျောင်းသား နှစ်ယောက်လုံးက တဖက်နဲ့ တဖက် အလျှော့မပေးကြဘဲ (နားလည်မှု မယူနိုင်ကြလို့) ဇွတ်တွေကန်ကြတော့ ပြဿနာက လိုတာထက် ပိုကြီးလာတာပါ ......
တကယ်တမ်းတော့လည်း ကိုယ်က ကျောင်းသားအနေနဲ့ နားလည်မှုယူဖို့ သွားလုပ်လို့လည်း မရပါဘူး .... ဒီမှာ ပရော်ဖက်ဆာတွေဆိုတာက ဘုရားသခင်လိုပဲ နေတာပါပဲ ..... သူတို့ပြောတဲ့ အတိုင်းလုပ်ပါပဲ .... ဒါကတစ်ခုပေါ့လေ ..... နောက်တခုက လိုတာထက် ပိုပြောတဲ့ ကိစ္စတွေ ... ဥပမာ မင်းက lab ကို ငါပြောတဲ့အတိုင်း ပုံမှန်မလာနိုင်ပဲနဲ့ (ကျောင်းတက်ချင်စိတ် မရှိပဲ ကျောင်းမလာချင်ပဲနဲ့ ဘာလို့ ငါတို့ စကော်လာကို ယူထားလဲ? စကော်လာဆိုတာ ငါတို့ tax တွေနဲ့ ပေးထားရတာဆိုတာမျိုး) ..... နောက်တခုကကျ ကိုယ်လုပ်မယ့် research .... သူက ကိုယ့်ရဲ့ မူရင်းတင်ပြထားတဲ့ research ကိုပယ် သူများနိုင်ငံတခုက energy နဲ့ ပတ်သက်တဲ့ research ကိုပဲ လုပ်ပေးပါ ဆိုတာမျိုးတွေနဲ့ ကျနော့်ဘဝမှာ မကြုံဖူးခဲ့တဲ့ ပဋိပက္ခအကြီးစားတွေ ဖြစ်ခဲ့တယ် .......
ကျနော်ကလည်း ဘယ်ဘက်ကမှ မလျော့ပေးနိုင်ဘူး ..... လာကတည်းက ကိုယ့် ရည်မှန်းချက်၊ ကိုယ်ဖြစ်ချင်ခဲ့တဲ့ဟာတွေအတိုင်းပဲ ဖြစ်အောင်လုပ်သွားဖို့ သံဓိဌာန်ချထားပီးသားဆိုတော့ ပြဿနာက မဖြစ်မှနေရောပါပဲ .....
အဲ့လိုနဲ့ မီတင်းတခုမှာ research ကိစ္စ ငြင်းကျခုန်ကျတာကနေ စာရွက်တွေ ပစ်ပေါက်ကျ ဘာညာနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့ကြတယ် ..... ကျောင်းသားလေးယောက်လောက်က ကျနော့်ကို မိတင်းခန်းထဲကနေ အပြင်ကို အတင်းဆွဲခေါ်ထုတ်လာရတယ် ..... somking room ထဲကို ခေါ်သွားပီး ဆရာနဲ့ ဒီလိုပြဿနာ ဖြစ်နေတာတွေဟာ ဆိုးရွားကြောင်း၊ အရာရာဟာ သူ့လက်ထဲမှာပဲ ရှိတဲ့အတွက် ကျောင်းနဲ့ပတ်သက်တဲ့ ကိုယ့်အနာဂတ်ဟာ ဒီပုံစံဆိုရင် မကောင်းနိုင်ကြောင်း၊ ဆရာရော မင်းရောက ၂ ယောက်လုံးခေါင်းမာနေကြတယ် စသဖြင့် သူငယ်ချင်းတွေ ဝိုင်းဝန်းဖြောင်းဖြကြ ပြောကြဆိုကြတာ တစ်နာခွဲလောက်ကို ကြာပါတယ် .... သူတို့လည်း စိတ်ပူပေးကြတယ်ပေါ့လေ .....
နောက်နေ့ကြတော့ ဆရာက ကိုယ့်ကို သူ့ရုံးခန်းထဲကိုခေါ်တယ် ...... warning ပေးသလိုလို အသိပေးသလိုလိုပေါ့ ....... ဘာပြောလည်းဆိုတော့ မနေ့က မီတင်းမှာ မင်းရိုင်းစိုင်းတဲ့ အပြုအမူတွေ လုပ်ခဲ့တာကို သက်ဆိုင်ရာကို တိုင်ရပါလိမ့်မယ်တဲ့ .... သူက အဲ့အကြောင်းကို report လုပ်မယ်ပေါ့လေ .... (ကျနော်ကို စကော်လာပေးတဲ့ အဖွဲ့ကို ဒီအကြောင်းတွေ ပြန်ပြောမယ် အရေးယူခိုင်းမယ်လို့ ပြောတာပါ) ..... ကျနော်ဘာပြန်ပြောလိုက်လည်းဆိုတော့ တိုင်လိုက်ပါဆရာ .... ကျနော် လက်ခံပါတယ် ဖြေရှင်းမယ် ..... ဆရာ အခု သူတိုကို report လုပ်ပီးရင် နောက်တပတ်နေရင် ကျနော်က အဲ့အဖွဲ့အစည်းကို ဖြေရှင်းစာ ပြန်ပို့ပါ့မယ်လို့ အေးအေးဆေးဆေးပဲ ပြန်ပြောခဲ့တာပါ ......

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၄)

ကျနော် ဂျပန်မှာ ကျောင်းတက်တဲ့ အကြောင်းအရာကို မဆက်ခင် ကျနော့် ပညာရေးနောက်ခံအကြောင်း အနည်းငယ်ရှင်းပြပါ့မယ် .....
ကျနော့်ရဲ့ ပထမဆုံးရတဲ့ဘွဲ့က အင်ဂျင်နီယာဘွဲ့ပါ .... electronics and communication (EC) ပါ .... အဲ့နောက် ကျနော် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါတယ် .... အလုပ်လုပ်ရင်းနဲ့ MBA ကို မန္တလေးတက္ကသိုလ်မှာ တက်ပါတယ် .... MBA ပီးတော့ တဆက်တည်းမှာပဲ အစိုးရဝန်ထမ်းတွေကိုသာ စကော်လာပေးလေ့ရှိတဲ့ JDS scholar (ဂျပန်နိုင်ငံ) က အဲ့နှစ်မှာ အစိုးရဝန်ထမ်းမဟုတ်တဲ့ အပြင်ပုဂ္ဂလိကကလည်း ဝင်ဖြေလို့ရတယ်ဆိုတော့ ဝင်ဖြေဖြစ်လိုက်တာ အဆင့်ပေါင်းများစွာ အင်တာဗျူးဖြေပီးနောက်ဆုံးမှာ အရွေးချယ်ခံရပါတယ် ..... 
သွားတက်ရမယ့် တက္ကသိုလ်က Hiroshima University၊ လေ့လာရမယ့်ဘာသာရပ်က မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Urban Development Planning) ကို မာစတာဘွဲ့ယူဖို့အတွက် တက်ရမှာပါ .... အဲ့တော့ ရှေ့ကယူထားခဲ့တဲ့ ဘွဲ့တွေနဲ့ ခုသွားတက်ရမယ့် အကြောင်းအရာနဲ့က မကိုက်ညီနေဘူး ... ကျနော်က ဘာသာရပ်အသစ်ကို လေ့လာရတော့မှာပါ ... အလွန်လည်း စိတ်လှုပ်ရှားမိတယ် .... ဖြစ်အောင်လည်း ကြိုးစားမယ် .... ဘယ်တော့မှ နောက်မဆုတ်ဘူး ... တခြားနိုင်ငံက ကျောင်းသားတွေထက်ကျော်အောင် မစွမ်းဆောင်နိုင်တောင် မလျော့စေရဘူးဆိုတဲ့ စိတ်တခုကို ရွေးချယ်ခံထားရပီးကတည်းက အပီအပြင်ရိုက်သွင်းပီးသားပါပဲ။ 
ဒီလိုနဲ့ ကျောင်းရောက်ပီပေါ့ .... ဆရာနဲ့ ပထမဆုံးတွေ့ဆုံမှုမှာ ကတည်းက သတိထားမိတာက တခုခုလိုနေတယ် ... မရှင်းလင်းဘူး မပြတ်သားဘူးလို့ ခံစားရတယ် .... ကျနော်က စကားတခုကို ပွင့်ပွင့်လင်းလင်းပြောတတ်သူ (ဆိုလိုတာက ဟန်သိပ်များမနေပဲ ပြောစရာရှိတာပြော လုပ်စရာရှိတာလုပ် ကြိုက်ရင် ကြိုက်တယ်ပြော မကြိုက်ရင် မကြိုက်ဘူးပြောပဲ သိပ်ထွေလီကာလီတွေ မလုပ်နေတတ်ဘူးဆုတာပြောချင်တာ) ဆရာကကျ ဘာဖြစ်စေချင်နေမှန်းမသိ၊ သူပြောချင်တာတွေချည်းပဲပြောတာ၊ အဲဒီဟာကမှ ပြဿနာပါပဲ .... ဘာလို့ဆို ကိုယ်မာစတာဘွဲ့ယူမယ့် research ကို ဦးတည်သွားရတော့မှာလေ ..... အဲ့ဒီမှာညှိလို့ မရကြတော့တာပါပဲ .... ဆရာရဲ့ လက်တွေ့လုပ်နေတဲ့ ပရောဂျက်လုပ်ငန်းတွေက အင်ဒိုနီရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ရှိနေတာပါ ... အကြီးအကျယ်တွေပါပဲ .... ဆရာက ကျနော့ကို အဲဒီနိုင်ငံတခုခုက energy နဲ့ ပတ်သက်တဲ့ research တခုခုကို လုပ်စေချင်တယ် .... ကျနော်ကလည်း လုံးဝမလုပ်နိုင်ဘူး ငြင်းတာ ... (ဒီနေရာမှာ ကျနော် မှန်တယ် သို့မဟုတ် မှားတယ်ဆိုတာ ဆွေးနွေးဖို့မဟုတ်ပါဘူး .. ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ရေးပြနေတာပါ) ကျနော်ပြောတဲ့ အကြောင်းပြချက်က ကျနော့်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်လို့ နိုင်ငံအတွက် ကဏ္ဍအသီးသီးမှာ တတ်နိုင်သမျှ သုတေသန ပြုမှုတွေလိုနေတယ် ... ကို့နိုင်ငံအတွက် လိုမယ်လို့ ထင်တဲ့ဟာကိုပဲ လုပ်မယ်၊ သူများနိုင်ငံအတွက် မလုပ်ပေးနိုင်ဘူး လို့ပြောဖြစ်ခဲ့တာ (ကျနော် သူတို့လူတွေ့စစ်ကတည်းက တင်ထားခဲ့တဲ့ ကျနော် လုပ်မယ်ဆိုတဲ့ research ကိုပဲ တစိုက်မတ်မတ် လုပ်မယ်ပဲ ပြောခဲ့တာလေ .... အသစ်ပြောင်းလုပ်မှာလည်း မဟုတ်ဘူးး သူတို့ ဒီ research ကို လက်ခံနိုင်လို့ ရွေးခဲ့တာ မဟုတ်ဘူးလားပေါ့) ဆရာက သိပ်စိတ်ဆိုးတာ၊ သူခိုင်းတဲ့အတိုင်းအလုပ်လို့ဆိုပီး။ အဲ့တာက တပိုင်း။
နောက်ပြဿနာတခုက lab မှာ တပတ်ခြောက်ရက် နေခိုင်းတယ်၊ တရက်ကို မနက် ရ:၃၀ ကနေ ည ၈ နာရီထိတဲ့ဗျာ .... (သူကိုယ်တိုင်လည်း အဲဒီအချိန်ဇယားအတိုင်းလာတာနော် ... သူများကိုပဲ ခိုင်းတာမဟုတ်ဘူးး သူကိုယ်တိုင်လည်း အတိအကျလိုက်နာနိုင်တဲ့သူ ... မနက်မိုးလင်း ရ:၃၀ သူကျောင်းရောက်ရင် သူရဲ့ lab အခန်းတိုင်းကို လိုက်စစ်တာ .. ကျောင်းသားတေ အကုန်ရောက်နေပီလားဆိုတာ ... မရောက်ရင် ဖုန်းဆက်တယ် ... တချို့ကို email ပို့တယ် ... ဘာကြောင့် မရောက်သေးတာလည်း ဆိုပီး ... ကျောင်းသားတွေဆိုတာ ဆရာကို အသေကြောက်ကြတာ .... lab ထဲက ကျောင်းသားတိုင်း ဆရာရှေ့မှာ တုပ်တုပ်မှ မလှုပ်ရဲဘူး ... ကျနော့်ဆရာ စည်းကမ်းတင်းကျပ်လွန်းလို့ ကျောင်းသားတွေ မရူးရုံတမယ်ဆိုတာ ကျောင်းက တခြားဆရာတွေရော ကျောင်းသားတွေရော သိကြပါတယ် .. ဆရာကတော့ နာမည်ကြီးပေါ့ ... (ဒါပေမယ့် အတန်းဝင်လို့ စာသင်ရင်ကြတော့လည်း အမြဲကို ပြုံးနေနိုင်တာ .... စာကို တကယ့်ကို ကောင်းအောင်သင်နိုင်တာ၊ ကျောင်းသားတွေ အပေါ်စိတ်ရှည်တာ (စာသင်ရင်ပြောတာနော် lab ကတပည့်တွေအပေါ်ပြောတာမဟုတ်ဘူး) တွေက ကျနော်သူအတန်းကို စတက်တက်ချင်းမှာ အရမ်းအံ့သြတာ ... ငါ့ဆရာ lab က သူ့တပည့်တွေ အပေါ်မှာလည်း ဒီလောက်များသဘောကောင်းရင် ငါ့ labmate တွေ အတော်ပျော်ကြမှာ ဆိုပီးတွေးမိခဲ့တယ် ) 

ပြဿနာက ဒါတင်ပဲလည်း မကသေးပါဘူး .... စကားပြောရင့်သီးခြင်းကလည်း ပြဿနာတွေကို မီးလောင်ရာလေပင့်စေတာ ပါပဲ။

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၃)

ဒီတပတ်မှာ ကျနော် ရည်ရွယ်ထားတာက ဂျပန်နိုင်ငံရဲ့ပညာရေးစံနစ်အကြောင်း တင်ပြဖို့ ဖြစ်ပါတယ် ... ဒါပေမယ့် ကိုးကားရတဲ့ အရာတွေများလွန်းတာကြောင့် အချိန်မှီ မတင်ပြနိုင်သေးတာကြောင့် ကျနော့်ဘဝထဲက စိတ်ဝင်စားစရာ ကောင်းမယ့် အကြောင်းအရာတခုကို ရေးသားလိုက်ပါတယ်။
အရင် အပိုင်း (၁၂) တုန်းက ခြေဆင်းလေးမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာကို ဆက်ပါ့မယ် 
အဲ့ဒါက ဂျပန်ကို ပညာတော်သင်သွားရတဲ့အခါမှာ ကိုယ့်ပရော်ဖက်ဆာနဲ့ ကိုယ်နဲ့ မသင့်မတင့်ဖြစ်တဲ့ အကြောင်းအရာပါ .... ဘာကြောင့် ဖြစ်တာလဲ .... သူတို့ရဲ့မူက ဘယ်လိုမျိုးလဲ .... သူတို့က ဘာကို expectation ထားတာလဲ ... စသည်ဖြင့် သူတို့နဲ့ ဆက်ဆံရေးဟာ အင်မတန်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်ဗျာ .... 
ဂျပန်စရောက်ခါကစမှာ ရှိနေတဲ့ ကိုယ့်မျှော်လင့်ချက်ကရောဘာလဲ .... ဘယ်လောက်ထိလုပ်နိုင်မလဲလို့ရည်ရွယ်ထားတာလဲဆိုတာလဲ ကိုယ့်ကိုယ်ပြန်မေးရပါမယ် ....
သူတို့ဘက်က expectation နဲ့ ကိုယ့်ဘက်က expectation က ထပ်တူမကျတဲ့အခါ သို့မဟုတ် မညီမျှတဲ့အခါမှာ ပဋိပက္ခဆောင်တဲ့ အသွင်မျိုးတွေ ဖြစ်ပေါ်တာပါ ..... နားလည်မှု မယူနိုင်ကြတဲ့ အခြေအနေမျိုး၊ အလျော့အတင်းစောင်းကြိုးညင်း မလုပ်နိုင်တဲ့ အခြေအနေမျိုးတွေမှာတော့ သည်းမခံနိုင်နဲ့ ပေါက်ကွဲမှုဖြစ်ဖို့ အားအကောင်းဆုံးအချိန်မျိုးရောက်လာတတ်ပါတယ် ....
အဲ့ဒီလိုမျိုးအခြေအနေကို ကျနော့်ရဲ့ ကိုယ်တိုင်ကိုယ်ကျကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပေါင်းစပ်တင်ပြသွားပါမယ် ....
ကျနော်က ငယ်ကတည်းက ရုပ်ရှင်ကြည့်တာ ဝါသနာပါတယ် .... မြန်မာဇာတ်ကား၊ အင်္ဂလိပ်ဇာတ်ကား၊ ကုလားကား၊ ခုနောက်ပိုင်း ကိုရီယားဇာတ်ကားရုပ်ရှင်တွေ အမျိုးအစားသုံ ကျနော်ကြည့်ပါတယ် .... ရုပ်ရှင်ချစ်သူလို့ ပြောလို့ရပါတယ် ..... အိမ်မှာ ဝယ်ထားတဲ့ ဇာတ်လမ်းခွေတွေဆိုတာ ရောင်းတဲ့ဆိုင်ထက်တောင် များပါဦးမယ် .... စာအုပ်စုတာနဲ့ ဇာတ်ကားစုတာကတော့ ဝါသနာအရ ငယ်ကတည်းကပါပဲ .....
အဲ့လို ဇာတ်ကားတွေထဲမှာ ကြည့်ရင်း ရင်းနှီးနေမိတာက အနောက်နိုင်ငံတွေမှာ စာသင်ရင် ဆရာက သူ့အလုပ်သူလုပ်၊ ကျောင်းသားလည်း သူ့အလုပ်သူလုပ်ပေါ့လေ .... နှစ်ဦးနှစ်ဖက်က ကိုယ့်တာဝန် ကိုယ်ကျေနေရင် ဆရာ တပည့်က ဆက်ဆံရေးက အေးဆေးပဲ သူလွတ်လပ်ခွင့်နဲ့သူ မစွက်ဖက်ကြဘူး။ ကျောင်းသားတွေကလည်း သူ့အသိနဲ့သူ ပြောစရာမလိုပဲ ကိုယ့်အချိန်အပိုင်းအခြားနဲ့ကိုယ် စာလုက်ကြတယ်ဆိုတာမျိုးတွေက တွေ့ဘူးနေတာလေ ....
အဲ့တော့ ကို
ယ်မျှော်မှန်းထားတာက နိုင်ငံခြားစတိုင် free-style နဲ့ နိုင်ငံခြားကားထဲကကဲ့သို့ ပျော်ရွှင်လွတ်လပ်စွာကျောင်းတက် ကိုယ်လုပ်ရမယ့် assignment၊ report၊ tutorial ဖြေ အစရှိသဖြင့် ပုံမှန်လုပ်သွားရင်ဘာမှ ပြဿနာ မရှိနိုင်ဘူးလို့ပဲ တွေးထားခဲ့တာပါပဲ ..... အဲဒီတော့ ....
မေတ္တာဖြင့် 
ဝေဟင်ဟိန်းသန့်
 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၁)

ဒီတပတ်ရဲ့ ဘလော့ဂ်ပို့စ်ကို ခရီးစဉ်လေးတခုအကြောင်းပဲ ပြန်ရေးပေးလိုက်ပါတယ် ..... 

အရင်အပိုင်းရဲ့ ပို့စ်အဆက်တွေလည်း လာမှာပါ .... ဆက်တိုက် စာအလေးကြီးတွေပဲ ဖတ်နေရရင် ငြီးငွေ့မှာ စိုးလို့ ကြားထဲမှာ ပေါ့ပါးတဲ့ အကြောင်းအရာလေးကို ဖြတ်ပီး ရေးပေးလိုက်ပါတယ် .....

အောက်က စာစုလေးက ကျနော်ရဲ့ ဖေ့ဘုတ်ပေ့ဂျ်မှာ ဖော်ပြခဲ့တာကို ပြန် ရှယ်ပေးထားတာပါပဲ .....

ခြေလန် လက်လန် ဖူဂျီစံ (၁၃.၈.၂၀၁၅ ~ ၁၆.၈.၂၀၁၅)

ကျောင်းတွေ ပိတ်တဲ့ ရာသီဆိုတာ ကျနော်တို့ ကျောင်းသားတွေ အားလုံးအတွက် ပျော်စရာ အလွန်ကောင်းပါတယ် .... ဒီ summer vacation အတွက် ရွေးဖြစ်တာက ဖူဂျီတောင်တက်ဖို့ပါပဲ ..... စိတ်ထဲမှာ ပိုစတာတွေထဲ မြင်ဖူးတာက ထိပ်ပိုင်း ဖြူဖြူဖွေးဖွေးလေးနဲ့ အလွန်လှတဲ့ တောင်လေးကို နောက်ခံထားထားပီး ရှေ့မှာ ရှင်ကန်ဆန်ဖြတ်သွားနေတဲ့ ပုံပါ ... တော်တော်များများလည်း မျက်မှန်းတန်းမိလိမ့်မယ်လို့ ထင်ပါတယ် ..... အလွန်ဆုံးမြင့် မန္တလေးတောင်ရဲ့ သုံးဆလောက်လို့ ထင်ခဲ့တာပေါ့ ..... (ထင်ရက်တာလေ) .... 

ဖူဂျီတောင်က ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင် ဖြစ်ပီး မီးတောင်ရှင်လည်း ဖြစ်ပါတယ် ..... လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က နောက်ဆုံးပေါက်ကွဲခဲ့ပါတယ် .....

ပထမဆုံး တောင်ရဲ့ 5th station (2306 m) ထိ ကားနဲ့ တက်ကျတယ် ... တောင်က စုစုပေါင်း (3776 m) မြင့်တာပါ ..... အဲတော့ ခြေလျင်တက်ရတာက 1470 m (၄၈၂၁ ပေ) တက်ရတာပေါ့ အပေါ်ဆုံးထိကို ..... တောင်အခြေကများ စတက်ရင် ဘယ်လိုနေမယ်မသိ ..... တက်တဲ့သူတော်တော်များများက ၁ ညအိပ် ဒါမှမဟုတ် ၂ ညအိပ် အေးအေးဆေးဆေး အချိန်ယူပီး တက်လေ့ရှိကြပါတယ်တဲ့ .... ကျနော်တို့ သူငယ်ချင်း ၃ ယောက်ကတော့ အသွားအပြန် ၁ရ နာရီလောက်နဲ့ အပီးပေါ့လေ .... ကျနော်ကတော့ ၁၄ နာရီလောက်ပဲ ကြာခဲ့ပါတယ် .... အပြန်မှာ ခြေထောက်က အရမ်းနာနေတာနဲ့ ခြေတစ်ဖက်တည်းနဲ့ အားတင်းဆင်း နောက်လည်း လှည့်မကြည့် နားလည်းမနားနဲ့ အောက်ကို အမြန်ရောက်လာတာပါ .... အကောင်းတော့ မဟုတ်ပါဘူးးး .... နာတယ်ဆိုပီးနားမိရင် ဘယ်လိုမှ ရှေ့ဆက်သွားချင်မှာ မဟုတ်လို့ပါ .... ကိုယ့်အကြောင်းကိုယ်သိမို့ အံကြိတ်ပီး ရှေ့ကို ဦးတည်ပီး ဇွတ်သွားခဲ့တာပါ .... အဲဒါမှ ကျနော် အစစ်ပါ ...... 

(ခြေထောက်က တောင်ပေါ်မတက်ခင် 5th station မှာ ပြောင်းဖူးဝယ်စားတော့ အဲဒီဆိုင်က cashier ရဲ့ ပေါ့ဆမှုကြောင့် ထောင်ထားတဲ့ cash box က ကိုယ့်ခြေထောက်ပေါ် ပြုတ်ကျတယ်လေ .... ကံများကောင်းချက် ..... အဲဒီကတည်းက ဒဏ်နည်းနည်းဖြစ်နေတာ ...... အပေါ်ဆုံးရောက်ခါနီးလေ မတ်မတ်ကြီးတက်ရလေပဲ ..... အဲဒီမှာ ညာဘက် ခြေထောက်က အရမ်းနာလာတော့တာ ......)

ဒီတောင်တက်တာကနေ ဘာသင်ခန်းစာ ရလည်းဆိုတော့ မသွားခင် သွားရမယ့် နေရာဒေသကို အကြောင်းစုံသိအောင် အင်တာနက်ကနေ စေ့စေ့စပ်စပ်ရှာဖွေ ဖတ်ရှုထားသင့်တယ် (တောင်ပေါ်မှာ ရာသီဥတုက တစ်ဒီဂရီပဲ ရှိတာပါ .... အနွေးထည် လုံလုံလောက်လောက် မဝတ်သွားတဲ့ ကျနော်အတွက်တော့ ဓာတ်ပုံ အရိုက်ခံဖို့တောင် ခပ်ခက်ခက်ပါပဲ .... သူငယ်ချင်းက အနွေးထည် လုံလုံလောက်လောက် သယ်လာဖို့ ပြောတယ် ...... ကိုယ်က ပေါ့ဆတာပါ ...... ) သူများတွေ ဘယ်လိုပုံစံနဲ့ တောင်တက်လေ့ ရှိသလဲ ဆိုတာလည်း လေ့လာသင့်တယ် .... (အဓိကက ခြေနင်းပေါ့ အရေးကြီးတယ် .... ကိုယ်ကတော့ စီးနေကျ ရှုးနဲ့ဆိုတော့ ကားတာပါပဲ .... ကျနော်ဖိနပ်အောက်ခံ sole က အမာဆိုတော့ သေရော .... အပျော့စီးရင် ခံသာပါတယ်တဲ့) မြေပြင်အခြေအနေတွေကအစ မေးစမ်းထားသင့်တယ် ... (အလယ်ပိုင်း တော်တော်များများနေရာမှာ လေးဘက်ကုန်းပီးကို တက်ရတာပါ ခင်ဗျ .... အပေါ်ဆုံးမှာ လေအရမ်းတိုက်လို့ လွင့်မပါသွားအောင် ကျောက်တုံးကြီးနှစ်လုံးကြားထဲ ဝပ်နေခဲ့ရတာကလည်း အမှတ်တရပါပဲ ... )

အပေါ်ဆုံးကနေ ကြည့်ရတဲ့ နေထွက်ချိန်ကတော့ အရမ်းမိုက်တယ် .... အဲဒါကြည့်ဖို့ကိုပဲ တကူးတက တက်ကြတာပါ .... တိမ်တွေအားလုံးကလည်း ကိုယ့်အောက်မှာပဲ ..... ရာသီဥတု ဆိုးရင် ခုလို နွေရာသီမှာလဲ တက်ခွင့်မပေးပါဘူး ... ဆောင်းရာသီကတော့ သွားလို့ လုံးဝ မရပါ ..... ပင်ပန်းတာနဲ့ မောတာကတော့ စာဖွဲ့လို့တောင် မတက်လို့ ရေးမပြတော့ပါဘူးး .... ဟီရိုရှီမားကနေ အသွားအပြန် ၄ ရက်ခရီး (ပထမနေ့ မနက် ၆:၃၀ ကနေ စီးသွားကြတာ ည ၉ နာရီမှာ တိုကျို ရောက်တယ် .. နောက်တနေ့ ည ရ နာရီတောင် စတက်တယ် ... မနက် ၄ နာရီလောက် တောင်ပေါ်ရောက်တယ် ... နောက်တနေ့ မနက် ၉:၁၅ ကို 5th station ပြန်ရောက်တယ် ..... တိုကျို သူငယ်ချင်းအိမ်ကို ညပိုင်း ၈ နာရီလောက် ပြန်ရောက်တယ် .... နောက်တနေ့ (ဒီမနက် ၆ နာရီ) တိုကျိုက  ထွက်လာပီး ခု ၁၀:၃၀ မှာ ပြန်ရောက်တယ်ဆိုတော့ အလွန်ကို တက်သုတ်ရိုက်တဲ့ trip တစ်ခုတော့ ဖြစ်သွားတယ် .... ဒါပေမယ့် လုပ်ချင်တာတွေကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်တဲ့ အတွက်တော့ အတိုင်းမသိ ကျေနပ်ပါတယ် .... ပြန်လာကတည်းက ပေါင်တွေကွနေတာ ခုထိလည်းကွတုန်းးး .... ရှင်ဂျူကုဘူတာမှာ ရထားမှီအောင် မြန်မြန် အတက်အဆင်းတွေ မလုပ်နိုင်လို့ ရထားတွေတောင် လွတ်သွားသေးတာ .... အခု အပြန်လည်း ကိုယ့် hand carry တောင် ကိုယ်မသယ်နိုင်တော့လို့ seven eleven ကနေပဲ ပို့ခိုင်းရတော့တယ် .... လောလောဆယ် အကျေနပ်ဆုံးကတော့ စာရေးရ အင်မတန်ပျင်းတဲ့ ကိုယ်က ဒီလောက်ထိ စာတွေ ရှည်ရှည်ရေးနေပီးတာကိုပဲ ... အမှန်တော့ ပြောချင်တာတွေ အများကြီးဗျ ကျန်သေးတယ် ... ရေးချင်တော့ဘူး ညောင်းလာပီ ...... မေးစရာရှိရင်သာ comment ပေးခဲ့ဗျာ .... (သူငယ်ချင်းတွေရဲ့ missed call တွေ အများကြီးအတွက် ဆောရီးပါဗျာ .... နောက်နေ့ ပြန်ခေါ်ပါ့မယ် ) ခုမအိပ်ခင်လေး ဒီစာ အပီးရေးတင်တာပါ.... မြန်မာပြည်မှ ချစ်ရသောသူများ အားလုံးအတွက် ....... ဖူဂျီတောင်တက်ချင်တဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးတဲ့ သူငယ်ချင်းများ Htoo Thaw နဲ့ Aungkomin Min တို့ကိုတော့ ပြောမပြတတ်အောင် ကျေးဇူးတင်ကြောင်းပါဗျာ .....

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၀)

Tokyo Subway Map

Tokyo Subway Map

ဒီတပတ်ရဲ့ အကြောင်းအရာပိုင်းဟာ အရင်အပိုင်း (၉) ရဲ့ အဆက်လည်း ဖြစ်ပါတယ် ....
ဂျပန်နိုင်ငံသားတွေဟာ သူတို့ရဲ့ ပြည့်စုံကြွယ်ဝမှုတွေအပေါ်မှာ ဘယ်လိုများခံစားလဲ .... ချမ်းသာပီး သက်တောင့်သက်တာရှိတယ်လို့ သူတို့တွေ ခံယူနိုင်ကြသလားဆိုတဲ့ သူတို့ လုပ်ထားတဲ့ စစ်တမ်းရဲ့ အဖြေက စိတ်ဝင်စားဖို့ကောင်းပါတယ် ..... အမေရိကန်နိုင်ငံမှ အိမ်တစ်လုံးရဲ့ ပျမ်းမျှ ကြမ်းခင်းဧရိယာက ၁၆၀.၃ စတုရန်းမီတာ ဖြစ်ပါတယ် ..... ကိုယ်ပိုင်အိမ်တလုံးဟာ ၁၆၇.၉ စတုရန်းမီတာကျယ်ပီး အငှားအိမ်ဆိုရင်တော့ ပျမ်းမျှ ၁၁၈.၄ စတုရန်းမီတာ ကျယ်ဝန်းပါတယ် ... ဒါကြောင့် အိမ်ငှားနဲ့ အိမ်ပိုင်ရဲ့ အကျယ်ကို အချိုးချကြည့်လိုက်မယ်ဆိုရင် ၀.၇၁ ရှိပါတယ် .... ဆိုတော့ သူတို့ရဲ့ ဘဝအပေါ်ကေနပ်သာယာမှုဟာ ယေဘုယျအားဖြင့် မြင့်မားပါတယ် ..... ဂျပန်မှာ ဆိုရင်တော့ အိမ်တစ်လုံးရဲ့ ပျမ်းမျှကြမ်းခင်း ဧရိယာက ၉၁.၉ စတုရန်းမီတာပါ ..... အိမ်ပိုင်က ၁၂၂.၁ စတုရန်းမီတာနဲ့ အိမ်ငှားက ၄၅.၁ စတုရန်းမီတာစီ ကျယ်ဝန်းကြပါတယ် ..... အိမ်ငှားနဲ့ အိမ်ပိုင်ကို အချိုးချကြည့်မယ် ဆိုရင်တော့ ၀.၃ရ ပါ ... ဒီအချိုးဟာ နိမ့်တယ်လို့ ပြောလို့ ရပါတယ် .... ဂျပန်နိုင်ငံသားတို့ရဲ့ ကိုယ့် ကြွယ်ဝချမ်းသာမှုအပေါ် ကျေနပ်ခံစားနိုင်စိတ်ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကျေနပ်ခံစားနိုင်မှုအောက် ထက်ဝက်လောက်ကို နိမ့်နေပါတယ် .....
ဂျပန်နိုင်ငံ တိုကျိုမြို့နေသူတွေရဲ့ အလုပ်နဲ့ အိမ် အသွားအပြန်ကြာချိန်ကို ခန့်မှန်းသိဖို့ရန်အတွက် စစ်တမ်းကောက်ထားတာ တခုရှိပါတယ် ... တိုကျိုမြို့နေလူဦးရေစုစုပေါင်းမှ အယောက်တသောင်းကို မေးမြန်းကြည့်တဲ့အခါ အများစု ရာခိုင်နှုန်းဖြစ်တဲ့ ၅၃% လောက်က မိနစ် ၆၀ ကနေ ရ၄ မိနစ်လောက်ထိကို ကြာတာပါ .... ဒါဟာ တိုကျိုမြို့ရဲ့ ယေဘုယျ အလုပ်အသွားအပြန်ကြာချိန်ဖြစ်ပါတယ် .... 
ရင်းနှီးမြှုပ်နှံမှု (investment) ဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အဓိက သော့ချက်အဖြစ် ဘာကြောင့်အရေးပါနေခဲ့တာလဲဆိုတာလည်း တချက် ကြည့်ရအောင်ပါ .... ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ဘယ်လို အခြေအနေတွေအောက်မှာ ရှိနေတာလဲ ...

Typical Japanese Suburban Housing

Typical Japanese Suburban Housing


(၁) သဘာဝရင်းမြစ်ကြွယ်ဝမှု မရှိဘူး
(၂) စစ်ကြီးပီးသွားတဲ့ အခါမှာ အလွန်အမင်းမြင့်တက်လာတဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်း စတဲ့ အခြေအနေတွေပေါ် မူတည်နေခဲ့တာ ဖြစ်ပါတယ် ....
နိုင်ငံတနိုင်ငံရဲ့ ဝင်ငွေဆိုတာ ဘာလဲဆိုတော့ သုံးစွဲမှုကုန်ကျစရိတ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အစိုးရရဲ့ အသုံးစရိတ်တွေ၊ ပို့ကုန်မှရငွေတွေရဲ့ စုစုပေါင်းထဲကမှ နိုင်ငံအတွင်းကို တင်သွင်းလိုက်တဲ့ တင်သွင်းကုန်တွေအတွက် ကုန်ကျစရိတ်ကို နှုတ်ထားတာဟာ တိုင်းပြည်တပြည်ရဲ့ ဝင်ငွေပဲ ဖြစ်ပါတယ် .... 
ရင်းနှီးမြှုပ်နှံမှုဟာ ငွေအရင်းအနှီးတွေကို တိုးပွားစေတယ် ..... တိုးပွားလာတဲ့အတွက်များပြားလာတဲ့ ငွေကြေး သို့မဟုတ် ထိုငွေကြေးများဖြင့် ဝယ်ယူထားသော စက်ပစ္စည်းများကို အသုံးပြုပီး ထုတ်လုပ်မှုတွေများလာမယ် ထုတ်ကုန်တွေ တက်လာမယ် .... အဲ့ဒီထုတ်ကုန်တွေတက်လာတယ် ဆိုတာဟာ လုပ်သားထုရဲ့ ထုတ်လုပ်နိုင်မှုတိုးတက်မြင့်မားလာခြင်းပဲ ဖြစ်ပါတယ် .... ဒါကြောင့် အကျိုးဆက်အနေနဲ့ လုပ်အားခတွေက မြင့်လာတယ် .... လုပ်အားခတွေ မြင့်လာတယ် ဆိုတာက လုပ်သားတစ်ယောက်ရဲ့ ယေဘုယျ ဝင်ငွေမြင့်မားလာတာဖြစ်ပီး အဲ့ဒီကနေ အစိုးရရဲ့ အခွန်အဖြစ်ရရှိငွေဟာ ပိုပီးတိုးလာတာဖြစ်ပါတယ် .....
ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လို မတည်သုံးစွဲလဲ ......
အိမ်ထောင်စုတွေကနေ အများစုရတဲ့ စုဆောင်းငွေတွေကို အကျိုးရှိရှိအသုံးချတယ် ..... ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအနေနဲ့ မတည်ဖို့ရာအတွက် ....
- စုဆောင်းမှုတွေကို ထပ်ခါ ထပ်ခါလုပ်ဖို့အတွက် တွန်းအားပေးတာတွေ လုပ်တယ် 
- စစ်မှန်တဲ့ အတိုးနှုန်းကို ပေးတယ်၊ ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း အနိမ့်ဆုံးအဆင့်မှာထားတယ် 
- ခိုင်မာမှုရှိပီး ယိုပေါက်မရှိတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေထူထောင်ပီး အလုပ်လုပ်ကြပါတယ် 
ဒီလိုမျိုး တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုမျိုးမရှိဘူးလို့ ဆိုတဲ့ ဘဏ္ဍရေးယန္တရားတစ်ခုကို ဖန်တီးခြင်းအားဖြင့် ပုဂ္ဂလိကဘဏ်တွေဟာ စက်မှုလုပ်ငန်းကဏ္ဍတွေအတွက် လိုအပ်တဲ့ ငွေတွေကို ထုတ်ချေးဖို့ရာ အဓိကနေရာကနေ ပါဝင်လာကြပါတယ် .....
Main Bank လို့ပြောတဲ့ ဂျပန်နိုင်ငံရဲ့ စံနစ်ဟာ သူတို့ သတ်မှတ် ရည်ရွယ်ထားတဲ့ ကဏ္ဍတွေနဲ့ ဦးဆောင်းအလုပ်လုပ်သူတွေကို အင်မတန်သက်သာတဲ့ အကြွေးပေးစံနစ်ကို ပေးတဲ့ ဝန်ဆောင်မှုကို လုပ်ကြပါတယ် .... ရည်ရွယ်သတ်မှတ်ထားတဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးဖို့ရန်အတွက် ပြုစုပျိုးထောင်ဖို့ ဒီစံနစ်ကြီးတခုလုံးကို စက်မှုလုပ်ငန်းပေါ်လစီ မူဝါဒတွေနဲ့ ချိတ်ဆက်ပေါင်းစပ်ထားပါတယ် ....

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

 

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၉)

အရင်အပတ်က ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ရေးသားခဲ့ပါတယ် .... အခုအပိုင်းမှာ တင်ပြချင်တာက ဂျပန်နိုင်ငံရဲ့ စီးပွားရေးနဲ့ လုပ်ငန်းများအကြောင်းဖြစ်ပါတယ် ..... ဒီအကြောင်းကိုတော့ ဂျပန်နိုင်ငံရဲ့ Shiga University က Faculty of Economics မှ ပါမောက္ခ ဒေါက်တာ Sumimaru ODANO ရဲ့ တင်ပြချက်များကို ကိုးကားဖော်ပြမှာ ဖြစ်ပါတယ် ..... ဂျပန်နိုင်ငံဟာ ဧရိယာ ၃၇၈,၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ် .....နိုင်ငံရဲ့ မြေပြင်အနေအထားဟာ တောင်ကုန်းတောင်တန်း ထူထပ်လွန်းပီး မီးတောင်ရှိတဲ့ဒေသတွေက နယ်မြေအများစု ဖြစ်ပါတယ် .... ရာခိုင်နှုန်းအားဖြင့် နိုင်ငံရဲ့ ၆၀% ဟာ အဲ့လို တောင်ကုန်းတောင်တန်းတွေ ဖြစ်ပါတယ် .... ပြန့်ပြူးတဲ့ မြေပြင်အနေအထားဟာ တနိုင်ငံလုံးမှာမှ ၁၃% သာပဲ ဖြစ်ပါတယ် ....

ဒါကြောင့် ဂျပန်နိုင်ငံဟာ ရထားလမ်း ကားလမ်းတွေ ဖောက်တဲ့အခါမှာ များသောအားဖြင့် တောင်ကုန်းတောင်တန်းတွေကို ရှောင်ဖောက်လို့ မရပါဘူး ..... အဲဒီအချက်ကြောင့်ပဲ ဂျပန်နိုင်ငံဟာ ဥမင်လှိုဏ်ခေါင်းတွေ အများကြီးနဲ့ ဖြတ်ဖောက်ထားတဲ့ လမ်းတွေ အများစုရှိတဲ့ တိုင်းပြည်လည်း ဖြစ်နေတာပါ ... လူတွေနေထိုင်လို့ရတဲ့ နေရာဆိုတာ ဂျပန်နိုင်ငံ စုစုပေါင်းဧရိယာရဲ့ ၂၂% ပဲ ရှိတာပါ ... လူဦးရေအားဖြင့် ၁၉၂၀ တုန်း ၅၆ သန်း (ယခုမြန်မာနိုင်ငံရဲ့ လူဦးရေလောက်) ရှိတာကနေ ၂၀၀၉ ခုနှစ်မှာတော့ ၁၂၇ သန်းထိရှိပါတယ် .....

လူဦးရေ ထူထပ်မှုနှုန်းကို အမေရိကားနဲ့ ယှဉ်ပြောရရင် ဂျပန်နိုင်ငံဟာ တစ်စတုရန်း ကီလိုမီတာ ပတ်လည်မှာ လူ ၁၅၀၀ ယောက် နေထိုင်ပီး အမေရိကားကတော့ ၅၀ ယောက်ပဲ နေတာပါ .... နယ်မြေအကျယ်အဝန်းအရကို အဆပေါင်းများစွာ ကွာသွားတာပါ ....

ဂျပန်နိုင်ငံဟာ တစ်စတုရန်းကီလိုမီတာတိုင်းမှာ ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၆.၉ သန်းဖြစ်ပီး အမေရိကားကတော့ ၀.၈ သန်းသာ ဖြစ်ပါတယ် ...... ဂျပန်နိုင်ငံမှာ စီးပွားရေးအရ အဓိကကျတဲ့ နယ်မြေလေးခု ရှိပါတယ် .... (၁) တိုကျိုနဲ့ အနီးပတ်ဝန်းကျင် (၂) အိုဆာကာနဲ့ အနီးဝန်းကျင် (၃) နာဂိုယာနဲ့ အနီးဝန်းကျင် (၄) ကီတာကျူးရှုး ဧရိယာ တို့ ဖြစ်ကြပါတယ် ....

အဓိက စီးပွားရေးဇုံတွေပေါ့လေ .... ဂျပန်နိုင်ငံရဲ့ အဓိက မြို့ကြီးများနဲ့ သူပတ်ဝန်းကျင်ဒေသဟာ စီးပွားရေးအရ အရေးအပါဆုံးသော နေရာများဖြစ်ကြပါတယ် ... အဲ့ ဧရိယာလေးခုပေါင်းရဲ့ စုစုပေါင်းထုတ်ကုန်ဟာ တနိုင်ငံလုံးရဲ့ ၆၀.၇% ဖြစ်ပီး လူဦးရေက တ နိုင်ငံလုံးရဲ့ ၅၄.၇% ဖြစ်ပါတယ် ... ဂျပန်နိုင်ငံဟာ အမြဲတစေ စိန်ခေါ်မှုတွေရှိနေတဲ့ နိုင်ငံ တခု ဖြစ်ပါတယ် .... ငလျင်တွေ၊ ဆူနာမီတွေနဲ့ နယူကလိယမတော်တဆ ဖြစ်ပွားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေကို ရှင်းလင်းဖို့ရာတွေ၊ မွေးဖွားနှုန်းတွေ ကျဆင်းလာနေပီး သက်ကြီးရွယ်အိုနှုန်းတွေ မြင့်မားလာတာတွေ၊ အစိုးရရဲ့ တင်ရှိနေတဲ့ ကြွေးမြီပြဿနာဖြေရှင်းဖို့တွေ နဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ အံဝင်ခွင်ကြဖြစ်ဖို့ရန် ကြိုးစားနေကြရတာတွေက ဂျပန်နိုင်ငံရဲ့ လတ်တလောအခြေအနေများနဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ် ....

အသွင်ကူးပြောင်းကာလကနေ လက်ရှိခေတ်မှီဂျပန်နိုင်တော်အထိရဲ့ သမိုင်းကို အကျဉ်းချုပ်ပြောရရင် ဆဲကိဂဟရရဲ့ အဓိက စစ်ပွဲကြီးအပီး ၁၆၀၃ မှာ အဲဒိုအစိုးရခေတ် ဖြစ်လာပီး မဲဂျီစံနစ်ကို ပြန်လည်အသက်သွင်းပီးတဲ့ ၁၈၆၈ ခုနှစ်အထိ ၆၅ နှစ်ကြာရှည်ခဲ့တယ် ... ၁၉ ရာစုနိုင်ငံရေး အသွင်ကူးပြောင်းခြင်းမတိုင်မီ ပထမဆုံးသော အမေရိကန် ကမန်ဒါ Matthew Perry ဟာ ၁၈၅၃ ဂျူလိုင်မှာ သင်္ဘောလေးစင်းနဲ့ အဲဒိုပင်လယ်အော်ကို ခုတ်မောင်းဝင်ရောက်လာခဲ့တယ် ....

၁၈၅၈ ကျတော့ ဂျပန်က အမေရိကန်နဲ့ ဂျပန်နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ် ... ခေတ်မှီအသွင်ကူးပြောင်းခြင်းနဲ့ စက်မှုကုန်ထုတ်နိုင်ငံတော် အဖြစ်သို့ ပြောင်းလဲခြင်းဟာ မဲဂျီအစိုးရခေတ်ကို ထူထောင်ပီး မကြာမှီမှာပဲ စတင်ခဲ့တာပါပဲ .... နောက်တပိုင်းမှာ ဆက်ပါဦးမယ်

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၈)

Part 8 red.jpg

ဒီတပတ်မှာတော့ ရှေ့က ဖော်ပြခဲ့တဲ့ သင်ကြားခံရသော ကြောင်းအရာများထဲမှ Japanese Politics and Administration ခေါင်းစဉ်အောက်မှာ သူတို့ ပြောသွားတာလေးတွေ အနည်းငယ် ပြန်ပြောချင်ပါတယ် .... လက်ရှိကိုယ့်နိုင်ငံ အနေအထားကို ပြန်ကြည့်ပီးလည်း သုံးသပ်လို့ ရတာပေါ့ .... ဒီခေါင်းစဉ်နဲ့ အကြောင်းအရာကိုတော့ အိုဆာကာ တက္ကသိုလ်က ပရော်ဖက်ဆာ Shin OKADA က သင်ကြားပေးသွားတာ ဖြစ်ပါတယ် .... ကျနော်သူရဲ့ ဂျပန်နာမည်ကို တမင် အင်္ဂလိပ်လို ရေးတာ ဖြစ်ပါတယ် .... သူတို့ ခေါ်စေချင်တဲ့ နာမည်ကို စာလုံးအကြီးနဲ့ အမြဲပဲ ဖော်ပြထားတယ်ဆိုတာလေး မှတ်သားစေလိုပါတယ် ..... အခုရေးခဲ့တဲ့ အတိုင်းဆို Mr. OKADA လို့ ခေါ်ရမှာ ဖြစ်ပါတယ် .... အဲ့လို မခေါ်ချင်ရင် အိုခဒစံလို့ ခေါ်ရပါမယ် .... သူတို့နာမည်ရဲ့နောက်မှာ မရိုင်းအောင်လို့ ဂျပန်လို စံ လို့ ထည့်ခေါ်တာကတော့ သိပီးပဲ ဖြစ်မှာပါ .... မြန်မာမှာ ဦး ဒေါ် စသည့်ဖြင့် တပ်ခေါ်သလိုမျိုးပါပဲ ......
သူပြောသွားတဲ့ အကြောင်းအရာတွေထဲက ပြန်ထုတ်နှုတ်ပြရရင် ....
ဂျပန်တွေဟာ ဒုတိယ ကမ႓စစ်ပီးစတည်းက စပီး အနောက်တိုင်းဒီမိုကရေစီစံနစ်ကို လက်ခံခဲ့ပီး ငြိမ်းချမ်းတဲ့ အသွင်သဏ္ဌာန်နဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် အစဉ်ထိန်းသိမ်းနိုင်ခဲ့တယ် .... ဒါပေမယ့် သူတို့နိုင်ငံရဲ့ တမူထူးခြားတဲ့ နိုင်ငံရေးယဉ်ကျေးမှုကိုတော့လည်း ဘယ်တုန်းကမှ အပျက်စီး အပျောက်ဆုံးမခံခဲ့ဘူးးး ... ဒါကြောင့်ပဲ ဂျပန်နိုင်ငံရဲ့ political culture ဟာ unique ဖြစ်တယ်လို့ အမြဲတမ်းပဲ ဆိုကြတာဖြစ်ပါတယ် ... ဂျပန်နိုင်ငံမှာတော့ LDP ဆိုတဲ့ လွတ်လပ်တဲ့ ဒီမိုကရက်တစ်အဖွဲ့ဆိုတဲ့ ပါတီဟာ နာမည်ကြီးပါတယ် .... ၁၉၉၃ နောက်ပိုင်းက စပီးသူတို့ပါတီနဲ့ ညွန့်ပေါင်းအစိုးရမျိုးစုံကြားမှာလည်း အာဏာလုတာ ပြိုင်တာမျိုးတွေကိုလည်း ထင်ရှားတဲ့ အဖြစ်အပျက်တွေအနေနဲ့ မှတ်သားရပါသေးတယ် ဒါပေမယ့် ဒီနေရာမှာတော့ အဲ့ အပိုင်းကို သိပ်မပြောတော့ပါဘူး ... စာလေးရုံအပြင် သိပ်လည်း စိတ်မဝင်စားကြလောက်ဘူးထင်လို့ပါ ..... (ပုံစံအမျိုးမျိုးနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့များစွာ ရှိခဲ့ပီး တော်တော်များများဟာလည်း ပြုလဲ ပျက်စီးခဲ့ကြရပါတယ်)
ဒုတိယကမ႓စစ်ကြောင့် တစစီ စုတ်ပြတ်ပျက်စီးသွားတဲ့ ဂျပန်နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့တဲ့ ယနေ့လက်ရှိ ဂျပန်နိုင်ငံဟာ ငြိမ်းချမ်းရေးကြောင့်ပဲလို့ တိတိကျကျ ပီပီပြင်ပြင် တခမ်းတနား ပြောဆို ဖော်ပြထားပါတယ် ..... သူတို့ ဂျပန်လူမျိုးတွေဟာ အားလုံးက တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတာကိုလည်း အင်မတန်မှ ဂုဏ်ယူဝင့်ကြွားစရာအဖြစ် ထောက်ပြ အမွှန်းတင်ထားပြန်ပါတယ် ..... ဂျပန်လူမျိုးတွေဟာ လူရှေ့မှာ လူလည်ခေါင်မှာ debate လုပ်ရတာမျိုးထက် အရာအရာကို (ကိုယ်ရေးကိုယ်တာဆန်တဲ့၊ သိုသိပ်တဲ့) စေ့စပ်ညှိနှိုင်းခြင်းကို ဇောင်းပေးခြင်းဖြင့်ရရှိလာတဲ့ ရလာဒ်မျိုး၊ အဲ့လို လှုပ်ရှားမှုမျိုးကို ပိုပီးဂသဘောကြကြပါတယ် ....
အဲဒီလို တဦးနဲ့ တဦး လိုက်လိုက်လျောလျောရှိလှတဲ့ ညှိနိုင်းဆွေးနွေးအဖြေရှာနိုင်မှုများဟာဖြင့် သူတို့ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ အင်မတန် unique ဖြစ်တယ် တမူထူးပီး ပြိုင်ဘက်လည်းကင်းတဲ့ ပုံစံမျိုးပဲလို့ ပြောကြတာ ဖြစ်ပါတယ် .... နောက် ဂျပန်နိုင်ငံရဲ့ ပါလီမန်နဲ့ နိုင်ငံရေး ဖွဲ့စည်းပုံတွေ လေ့လာရသေးတယ် .... 
လတျတလောမှာဆိုရင်တော့ ဂျပန်နိုင်ငံမှ ကုမ်ပဏီတော်တော်များများဟာ တခြားသောနိုင်ငံများသို့ ပြောင်းရှှေ့အခြေစိုက်ပီး ကုန်ထုတ်လုပ်နေကြပါတယ် (တရုတ်၊ အာရှ၊ ဥရောပ) .... ဒါ့ကြောင့်ပဲ ဂျပန်နိုင်ငံဟာ ကုန်ထုတ်လုပ်မှု အဓိက လုပ်တဲ့ စက်မှုနိုင်ငံကြီးဆိုတဲ့ အဖြစ်ကနေတော့ ကျဆင်းလာပီ ဖြစ်ပါတယ် ..... ဒါ့ကြောင့် ဂျပန်ဟာ ရှေ့ရောက်တဲ့ နည်းပညာတွေ ဦးဆောင်တဲ့ အခြေအနေတွေ ထပ်လိုလာပီဖြစ်တယ်လို့ ဆိုပါတယ်.... ဂျပန်မှာ သက်ကြီးရွယ်အိုတွေဟာ တခြားနိုင်ငံတွေမှာထက် ပိုပေါပါတယ်ဆိုတဲ့ အချက်ကလည်း ကမ႓ာကျော်ပါတယ် ...
ဒီဘက်စစ်အေးခေတ်မှာတော့ ဂျပန်တွေဟာ သူတို့ နိုင်ငံကာကွယ်ရေးအတွက် အဓိက မဟာမိတ်ကတော့ အားလုံးသိတဲ့ အမေရိကန်ပါပဲ .... စစ်အေးခေတ်လွန်ကာလများမှာတော့ ဂျပန်ဟာ အမေရိကန်နိုင်ငံကို သူရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေရင်းအဖြစ် ပိုပီး ကျွမ်းဝင်ခဲ့တယ် ....အကျိုးဆက်အနေနဲ့ကတော့ နိုင်ငံရေး၊ စီးပွားရေးဟာ ကြာရှည်စွာ တည်ငြိမ်လာခဲ့ပီး နိုင်ငံ့စီးပွားရေး တိုးတက်ဖြစ်ပေါ်မှု့အတွက် အခြေအနေကောင်းများ ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ် .....

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၇)

ကျနော် ဂျပန်စရောက်ခါစက ကြုံရတဲ့ အတွေ့အကြုံလေးတွေကို ဒီအပိုင်းမှာ မျှဝေချင်ပါတယ် .....
ဒီနေရာမှာ စာသင်ကြားရာမှာ ကြုံရတာမျိုးတွေ၊ presentation လုပ်ရာမှာ ကြုံရတာမျိုးတွေ၊ စျေးဝယ်ထွက်ရင်ကြုံရတာမျိုးတွေကိုတော့ နောက်မှ ရေးပါ့မယ် .... ဒီအပိုင်းမှာ ပြောချင်တာက ဂျပန်ရောက်ရောက်ချင်း သူတို့ ဘာတွေ train လည်း ဘယ်လို awareness တွေကို သိစေလဲ .... မှတ်သားရမှာတွေကို ဘယ်လိုတွေ သင်ကြားသွားလဲ ဆိုတဲ့ အပိုင်းမျိုးကို ပြောချင်တာပါ .... ကျနော်က (Hiroshima University) ဟီရိုရှီးမားတက္ကသိုလ်မှာ တက်ရမယ့်သူဆိုတော့ ဂျပန်နိုင်ငံရဲ့ အောက်ပိုင်းဘက်ကျတာပေါ့လေ .... အဲ့တော့ ရန်ကုန်ကနေထွက်လာပီး ဂျပန်ကိုလေယာဉ်ဆင်းတော့ အိုဆာကာမြို့က ကန်စိုင်းလေဆိပ်မှာ ဆင်းရတယ် .... အိုဆာကာက ဂျပန်ရဲ့ ဒုတိယမြို့တော်ပါ .... အဲဒီကနေ သတ်မှတ်ထားတဲ့ မြို့ထဲက ဟိုတယ်ကို သွားရတယ် ... လေဆိပ်ကနေ ဟိုတယ်ကို highway ကားလမ်းမပေါ်တောင် ၂ နာရီကျော်ကျော်လောက်မောင်းရပါတယ် ..... ရောက်ရောက်ချင်း အခန်းအပ် အိပ်ချပီးတာနဲ့ အတန်းတွေ ဆက်တိုက်တခုပီး တခုတက်ရတော့တာပဲ ..... ညနေ ၅ နာရီထိလေ .... အာ့ပီးမှ တနေ့တာ အတန်းချိန်ပီးပီး မြို့ထဲလျှောက်လည် မုန့်စားလုပ်လို့ရတယ် .... 
ခုပြောချင်တာက အဲဒီသင်တန်းတွေ တခုပီး တခု တက်ရတယ်ဆိုတဲ့ အကြောင်းပါ .... အဲ့မှာ ဘာတွေကိုသင်တာလဲ ... ဘာကြောင့်သင်တာလဲ .... နိုင်ငံကြီးတခုက ပေးတဲ့ စကောင်လာတခုဟာ ဘယ်လို နည်းစံနစ်ကျအောင် အလုပ်လုပ်သွားတယ် .... ဘယ်လောက်စံနစ်ကျတယ် ... အပင်ပန်းခံတယ် ... ငွေကုန်ခံပီး တကယ်ကောင်းအောင် ဘယ်လို အလုပ်လုပ်တယ် .... စတဲ့ အတုယူသင့်တဲ့ အကြောင်းအရာများ ပါလို့ ဖြစ်ပါတယ် .... ပီးပီးရောတွေ မဟုတ်ပါဘူးးး .... ဒါက ကျနော်ရတဲ့ စကော်လာနဲ့ ပတ်သက်ပီးပဲ ပြောတာနော် .... ဂျပန်ကပေးတဲ့ တခြားစကော်လာတွေ အကြောင်းတော့ စေ့စေ့ငုငုကျနော်မသိဘူး ... ကိုယ်စကော်လာကတော့ နောက်က supporting တော်တော်ကောင်းပါတယ် .... ဂျပန်လို တတ်စရာမလိုဘူးး ... အင်္ဂလိပ်လို ကောင်းရင်ရပီ .... တချို့စကော်လာတွေကတော့ ဂျပန်စကားတတ်မှ ပေးတာမျိုးတွေလည်း ရှိပါတယ် ..... 
ကျနော်တို့ အိုဆာကာမှာ နေရတာက ၂ ပတ်နီးပါးပါ ..... အဲ့ ၂ ပတ်ပီးတော့မှ ကျောင်းသားကိုယ်စီက ကိုယ်စကော်လာရထားတဲ့ ကျောင်းတွေဆီကို အသီးသီးထွက်ခွာကြရမှာပါ .... ခုတော့ နိုင်ငံစုံက ကျောင်းသားပေါင်းများစွာဟာ အိုဆာကာမြို့ကြီးပေါ်က ဟိုတယ်တခုတည်းမှာ တယောက်တခန်းနဲ့ တစုတစည်းတည်း တည်းခိုနေကြတာပေါ့ .... နိုင်ငံကတော့ အတော်စုံပါတယ် .... အဲ့ဒီကျောင်းသားအားလုံးဟာ သူတို့ ဂျပန်ဘက်က ကြိုတင်စီစဉ်ထားတဲ့ awareness training တွေအားလုံးကို မဖြစ်မနေ တက်ရပါတယ် .... အဲ့ဒီအတန်းတွေမှာ သင်ကြားရတဲ့ အကြောင်းအရာ ၅ ခု ရှိပါတယ် 
(၁) Japanese Politics and Administration
(၂) Japanese Economy and Business
(၃) Education in Japan: Trial and Error Experiments
(၄) Workshop in Cross-Cultural Understanding နဲ့
(၅) Daily Stress Management တို့ ဖြစ်ပါတယ် .... 
တခြားအစီအစဉ်တွေလည်း အများကြီး လုပ်ပေးပါတယ် .... ဥပမာ ကိုယ့်ရှေ့က ကျောင်းလာတက်နေကြတဲ့ စီနီယာတွေနဲ့ တွေ့ဆုံပေးတာမျိုးတွေပါ .... နောက်အပိုင်းများမှာ ထည့်ရေးပေးသွားပါ့မယ် .... အထက်ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာ တချို့ကို အတိုချုံ့လို့တမျိုး ပိုသိချင်မယ်ထင်တာမျိုးကျ အကျယ်ချဲ့လို့ တသွယ် ဆက်လက် တင်ပြသွားပါ့မယ်လို့ .....
ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ ...

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၆)

အရင်အပိုင်းရဲ့အဆက်အနေနဲ့ research proposal နဲ့ ပတ်သက်တာကို အနည်းငယ် ထပ်ရေးပါ့မယ် .....

research proposal ရေးတာမှာ ရေးတဲ့ အကြောင်းအရာ အရေးကြီးတယ်ဆိုတာ ပြောခဲ့တယ် .... 

စိတ်ဝင်စားနိုင်တဲ့ဟာ ဖြစ်ရမယ် .... လတ်တလောမှာ ဖြစ်နေတဲ့ issue မျိုးကို ဆွဲထုတ်လို့ရတယ် ... issue တခု ရထားပီးရင် problem solving လုပ်လို့ရနိုင်မယ့် နည်းလမ်း တခုထက်မက စဉ်းစားထားရမယ် ..... issue တခုထက်ပိုရင်လည်းရတယ် .... အဲ့ဒီအခါ ကိုယ်ဟာ အဲ့ပြဿနာကို ဖြေရှင်းရာမှာ ရင်းနှီးကျွမ်းဝင်မှု ရှိနေပီးသား အခြေအနေမျိုးလို့ သူတို့တွေးနိုင်ပီးတော့ မေးခွန်းမေးရာမှာ ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ့ expectation ကလည်း ပိုမြင့်လာပါလိမ့်မယ် .... အဲ့တော့ အများကြီးကြိုတင်ပြင်ဆင်ထားဖို့ လိုပါ့မယ် ..... 

နောက်တခုက ရိုးသားမှု .....

သူတို့ရဲ့ မေးခွန်းသည် ကိုယ်ဖြေနိုင်သည်ဖြစ်စေ၊ ကိုယ်အတွက် ခက်ခဲသည့် မေးခွန်းဖြစ်စေ ဖြေဆိုရာမှာ ရိုးသားဖို့လိုပါတယ်လို့ အရင်တပတ်တည်းက ရေးသားခဲ့ပီးသားဖြစ်ပါတယ် ..... ဒါကို ပေါ့ပေါ့လေး မတွေးစေချင်ပါဘူူးး .... ကိုယ့်အဖြေ အပြုအမူ ကိုယ့်ရဲ့ တတ်သိကျွမ်းကျင်မှုဟာ နိုင်ငံတခုရဲ့ ပုံရိပ်ကို လာပီးစကားပြောပါလိမ့်မယ် ..... အထူးသဖြင့် ဂျပန်တွေဟာ သိပ်စနစ်ကျတယ် .... သူတို့က လူတယောက်ရဲ့ ရိုးသားမှုကို သိပ်တန်ဖိုးထားသလို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲမြင်ကြပါတယ် (ကိုယ်တိုင် အတွေ့အကြုံအရပါ) ..... (အလုပ်ကို မင်းဟာ အလုပ်နဲ့တူအောင် သူတို့ စိတ်တိုင်းကြတဲ့အထိ လုပ်ခိုင်းမှာ ဖြစ်သလို မင်းကို အလုပ်သဘောအရ ဘယ်လိုပဲ တည့်တည့် မတည့်တည့် မင်းရသင့်တဲ့ အခွင့်အရေးဆိုရင်တော့ ကိုယ်ကတောင်းဆိုရင် သူတို့က လိုက်လျောပါတယ် ..... ကိုယ်ကတော့ ကိုယ်ရနိုင်တဲ့ အခွင့်အရေးတွေကိုတော့ သိဖို့ လိုပါလိမ့်မယ် ..... တောင်းဆိုရဲဖို့လည်း လိုပါတယ်) မြန်မာနိုင်ငံသားတွေ အများစုဟာ တပါးသူအပေါ် လေးစားစွာဆက်ဆံတာနဲ့ ကြောက်ရွံ့စွာဆက်ဆံတာကို မကွဲပြားကြပါဘူးးး .... လေးလေးစားစားကတော့ ဆက်ဆံရမယ် ဒါပေမယ့် ကြောက်ရွံ့နေစရာမလိုပါ ..... ရိုးသားမှုဆိုတဲ့အကြောင်းကို ပြောမယ်ဆို ဒီအကြောင်းအရာကို ချန်ထားလို့ မရပါဘူးးး .... လူတွေဘာလို့ ညာဖို့ ကြိုးစားတာလဲ .... ကိုယ်မသိတာကို ဘာကြောင့် မသိကြောင်း ရိုးသားစွာ မပြောရဲကြတာလဲ ...... အဲ့ဒါကတော့ ကြောက်ရွံ့ကြလို့ပါ .... 

တော်တော်များများအတွက် အဖြေကတော့ အဲ့ဒါပါပဲ ...... 

ပထမဆုံးကြောက်ရွံ့ခြင်းကတော့ ငါ့ထက်တတ်တဲ့သူက ငါ့လာဗျူးတယ်ဆိုပီး တပါးသူအပေါ် ရှိန်ခြင်းဖြစ်ပါတယ် ..... အဲ့တော့ ကိုယ်မတတ်ဘူးဆိုတာမျိုး မဖြစ်စေချင်လို့ ဟုတ်တာရော မဟုတ်တာရော လျှောက်ဖြေတော့တာ .... အဲ့မှာဂွမ်းတတ်ပါတယ် .... 

ဒုတိယကြောက်ရွံ့ခြင်းကတော့ ကိုယ့်ကိုယ်ကို ကြောက်ရွံ့ခြင်းပါပဲ ..... ကိုယ်မတတ်လို့မှ ပညာသွားသင်ရမှာပါဆိုတာကို လွယ်ကူစွာ သဘောမပေါက်တာ ..... မတတ်လို့ သွားသင်ရမယ့်ကိစ္စဟာ ကိုယ်အကုန်တတ်ပြနေစရာ မလိုပါဘူး .... မသိတဲ့ဟာကို မသိကြောင်းပြောပီးးး ဆက်၍လေ့လာပါ့မယ်ဆိုရင်ကို သူတို့တွေ ကျေနပ်နေကြပါပီ ..... 

အခုပြောနေတာက ကိုယ့် proposal ပြင်ပက မေးခွန်းတွေ မေးလာရင် သိတာကို သိတယ်နဲ့ မသိတာကို မသိဘူးဖြေဖို့ကိုပဲ ပြောနေတာ ဖြစ်ပါတယ် .... ဒါပေမယ့် ကိုယ့် proposal ထဲမှာ ရေးထားပီဟေ့ ဆိုရင်တော့ ကျေကျေလည်လည်ရှင်းနိုင်အောင်သာ လုပ်ထားပေတော့ပဲ ..... နို့မို့ဆို ကိုယ့် knowledge မရှိပဲ တခြား sources တွေကနေ ခိုးချ ကူးချထားတယ်လို့ သေချာပေါက်ထင်သွားနိုင်ပါတယ် ..... အာ့ဆိုရင်တော့ အရစ်ခံရဖို့ရာ ရှိပါတယ် .... ဘာကြောင့် ရစ်မှာလည်းဆိုရင် ဒါဟာ မင်းမသိဘူး သို့မဟုတ် သိတယ် ဆိုတာကို သေချာစေဖို့ပါ .....

 

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၅)

ခုတပတ်မှာတော့ ကျနော်ရေးခဲ့တဲ့ research proposal နဲ့ ပတ်သက်ပီး ပြောချင်ပါတယ် ....
ဒီ research proposal ဟာ အရမ်းခက်ခဲနက်နဲနေတာမျိုးမဟုတ်ပေမယ့်လည်း အင်မတန်အရေးကြီးတဲ့ ကဏ္ဌမှာ ပါဝင်ပါတယ် .....
ဘာလို့ဆိုတော့ သူတို့လာဗျူးတဲ့ interview တွေရဲ့ decision making မှာ research proposal က အဓိကထဲက တခုမို့ပါ ....
အဲ့တော့ research proposal မှာ ဘာအကြောင်းကို ရေးမလဲ ဘယ်လိုရေးမလဲ .... ဘာတွေကို ရှောင်သင့်ပီး ဘာတွေကို ပါအောင်ထည့်ရေးသင့်သလဲဆိုတာကို ကိုယ်လုပ်ခဲ့တဲ့အလုပ်နဲ့ ပြန်လည်ယှဉ်ထိုးပီး ရေးသားပါ့မယ် ......
research proposal မှာ ရေးမယ့် အကြောင်းအရာက အခရာကျပါတယ် ...... လက်ရှိပြင်ပမှာ လိုအပ်ချက်ရှိနေတဲ့ ဖြေရှင်းရမယ့် အကြောင်းအရာဖြစ်နေရင် ပိုကောင်းပါတယ် .... current issue တခုခုပေါ့ .... 
issue တခုကို အစဆွဲထုတ်လို့ ရပီဆိုရင် အဲ့အကြောင်းအရာကို အရင်သိအောင်လေ့လာပါ .... ပီးရင် လိုအပ်ချက်ရှိနေတာက ဘယ်နေရာတွေမှာလဲဆိုတာရှာဖွေပါ ....
နောက်တဆင့်ထပ်တက်ရမှာက ကိုယ်ရှာတွေ့နေတဲ့ အဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ways of problem solving ပါ ..... 
ဒီနေရာမှာ တစ်ခု ရှိနေတာက ကိုယ်အစဆွဲထုတ်လိုက်တဲ့ issue မှာက ပြဿနာက တစ်ခုမက ရှိနေနိုင်တယ် ..... ကိုယ်က အဲ့ ပြဿနာတွေ တခုမကကို point out လုပ်ထားတယ်ဆိုရင် ကိုယ်ပြောချင်တဲ့ဟာကို မိမိရရ highlight မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ် ...... အဲ့အခါမှာ ဒွိဟတွေ ဖြစ်လာပါမယ် .... ပြန်ရှင်းရတာတွေ ရှုပ်လာမယ် .... ကိုယ်ပြောချင်နေတာ ဘာလဲဆိုတာ interview မေးတဲ့သူက မသဲကွဲတာမျိုး ဖြစ်လာမယ် .... ကိုယ့်အတွေ့အကြုံအရ issue တွေအများကြီးထုတ်ပီး ဟိုဟာရော ဒီဟာရော အကြောင်းအရာအများကြီးကို ကိုယ်က ကိုင်တွယ်ဖြေရှင်းနိုင်သလိုမျိုးပြောနေတာတွေကို interview မေးတဲ့သူတွေက မနှစ်သက်ကြပါဘူးးး .... သူတို့ကို ရှုပ်ထွေးစေမှာမျိုးတွေကို ရှောင်ပါ .....
နောက်ပီးးး ကိုယ်ထုတ်ထားတဲ့ issue တခုပေါ်မှာ ဖြစ်နိုင်သမျှသော ကိုယ်ပိုင်စဉ်းစားထားတဲ့ (တခုထက်မကသော) နည်းလမ်းတွေကို ထည့်ရေးထားသင့်တယ် .....
အဲ့ရေးထားတဲ့ ways of problem solving တွေကို သူမေးရင် ကြေကြေလည်လည်ရှင်းပြနိုင်အောင်လည်း ကြိုတင်လေ့လာ ပြင်ဆင်ထားရပါမယ် .....
အဲ့ဒါဟာ လွယ်လွယ်လေးတော့ မဟုတ်ပါဘူးးး .... 
သူ့ဘက်က မေးခွန်းတွေမေးတဲ့အခါမှာ ကိုယ်လက်လှမ်းမမှီတဲ့ အကြောင်းအရာတွေ၊ ကိုယ်သေချာမသိတာမျိုးတွေ ဖြစ်လာရင် ရိုးရိုးသားသားပဲ ဒီအကြောင်းအရာကို မသိသေးကြောင်းနဲ့ ပြန်၍ လေ့လာပါမည့်အကြောင်းကို ကောင်းမွန်စွာပြောသင့်ပါတယ် .... ရမ်းပီး ရွှီးမယ်ဆိုရင်တော့ ကိုယ့်အပေါ်ကို အဆိုးဘက်သက်ရောက်တဲ့ အမြင်မျိုးဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ပါဘူးးး .... သူတို့ကို ရိုးသားစွာ ဆင်ခြေပေးတာ အကြောင်းပြချက်ပေးတာ ဖြေရှင်းတာမျိုးကို တန်ဖိုးထားကြပါတယ် ....... 
ဒီနေရာမှာ နောက်တခု ပြောစရာရှိတာက ကိုယ် proposal တင်လိုက်တုန်းက ထည့်မရေးဖြစ်လိုက်ပီး နောက်ပိုင်းမှ ပြောပြချင်တဲ့ အကြောင်းအရာတွေ ရှိနေရင်လည်း သူမေးတဲ့ အချိန်မှာ ကြုံသလိုထည့်ပီး ပြောနိုင်ပါတယ် .... များသောအားဖြင့်တော့ ဖြည့်ပီးပြောစရာရှိသေးလားး ဘာထပ်စဉ်းစားမိသေးလဲ ဆိုတာမျိုး လမ်းကြောင်းပြပီးလည်း မေးတတ်ပါတယ် ..... 
နောက်တခုက ဖြေပုံဖြေနည်းးး .... ဘယ်မေးခွန်းကိုဖြေဖြေ ယုံကြည်ချက်ရှိရှိနဲ့ဖြေပါ .... ဒါပေမယ့် ရိုင်းပြတဲ့ အမူအရာမျိုးကနေတော့ ကင်းလွတ်နေရပါ့မယ် ..... စာသွားသင်မယ့် ကျောင်းသားတယောက်က ရိုင်းပြနေမှာမျိုးကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူးးး ..... ဒါဟာ ကိုယ့်တန်ဖိုးပါ .... 
နောက်တခု ကိုယ့်ပါဆင်နလတီနဲ့ ပတ်သက်ရင် သူတို့ကို ထည့်ပေးလိုက်သင့်တဲ့ အကြောင်းအရာတခုက ကိုယ်က ကိုယ်တင်ပြထားတဲ့ ဒီ research proposal ပေါ်မှာ အမှန်တကယ်စိတ်ဝင်စားမှု ရှိနေပီး ဘယ်လို လေ့လာမှုမျိုးကိုမဆို လုပ်နိုင်မယ် ...... ဘာအခက်အခဲတွေရှိရှိကျာ်ဖြတ်နိုင်မယ် ..... ကိုယ်မူရင်းရတဲ့ ဘွဲ့ဒီဂရီနဲ့ (research proposal မှာ) ကိုယ်လတ်တလောတင်ထားတဲ့ အကြောင်းအရာမျိုးနဲ့ ဆက်စပ်မှုမရှိရင်တောင် ကိုယ့်မှာ လတ်တလောတင်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပီးး passion ဘယ်လောက်ရှိကြောင်း သက်သေပြနိုင်တဲ့ စကားလုံးအသုံးအနှုန်းမျိုးကို သုံးစွဲပီးပြောသင့်သလို စိတ်ပါဝင်စားစွာနဲ့ လုပ်ချင်ကြောင်း လုပ်နိုင်စွမ်းအားရှိကြောင်းတွေ ဖြေဖို့ သက်သေပြနိုင်နေတာမျိုး ဖြစ်နေဖို့ လိုပါတယ် ...... 
နောက်တပိုင်း ဆက်ရေးပေးပါ့မယ် .....

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၄)

Unknown.jpeg

ဒီအပိုင်းမှာတော့ ကျနော် ဂျပန်အစိုးရက ပေးတဲ့ JDS Scholar ကိုလျှောက်တာမှာ ဖြတ်သန်းခဲ့ရတဲ့ အဆင့်ဆင့်ကို ဗဟုသုတရအောင် ရေးပြချင်ပါတယ်… ဘယ်နိုင်ငံက scholar ကိုပဲ လျှောက်လျှောက်သူတို့တောင်းဆိုသမျှကို အမှန်ကန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင် ဖြည့်ဆည်းပေးရတယ် ……. ဂျပန်မှာလျှောက်တော့လည်း အတော်လေး သတိထားရတယ် …… နှမ်းတစ်စေ့မှ အမှားမခံပါဘူး …..…
(၁)    ပထမအဆင့်က paper screening အဲ့အဆင့်မှာတင် ပြုတ်သွားတဲ့သူတွေလည်း မနည်းပါဘူး…သူတို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေဆိုတာလည်း အတော်လေး များတာပါ… အဲ့ဒါကို ပြည့်စုံအောင် လုပ်ရတာကိုက တော်တော်လေး မလွယ်ပါဘူး. … ကျောင်းက grading တွေယူပီးသားမရှိဘူးဆိုရင် အဲ့ဒါတွေကို သက်ဆိုင်ရာ ကျောင်းကနေ အချိန်မှီရအောင် တောင်းရတာကိုက အတော်ပြဿနာရှိပါတယ်… ဒီလိုစကော်လာတွေ ဖြေမယ်ဆိုရင် ကျောင်းအမှတ်တွေကို ပေးရတာပဲမို့ ဖြေမယ့်ရည်မှန်းချက်ရှိမယ်ဆိုရင် ကြိုကြိုတင်တင်တောင်းယူ ထားတာက အများကြီးအသက်ရှုချောင်မှာပါ…
(၂)    ဒုတိယအဆင့်ကတော့ သူတို့က ကျင်းပပေးတဲ့ TOEFL ကို‌ဖြေရတာပါ .....… နှစ်ကြိမ်ဖြေရပါတယ်… ပထမအကြိမ်ရဲ့ အမှတ်စာရင်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက အရာရှိတွေဆီကို ပြန်ပို့ပါတယ်… ဒုတိယအကြိမ်ဖြေတဲ့ TOEFL ရဲ့ အမှတ်စာရင်းကိုပဲ count လုပ်တယ်လို့ ပြောပါတယ် ......… ဆိုလိုတာက ပထမအကြိမ်‌ဖြေတာရဲ့ အမှတ်စာရင်းက ဘယ်လိုဖြစ်နေနေ ဒုတိယအကြိမ်‌ဖြေတာမှာ သူတို့လိုချင်တဲ့ ရမှတ်ထိရအောင် ‌ ဖြေနိုင်ရင် အောင်တယ်လို့ ‌ပြောပါတယ် .......... ဒီအဆင့်မှာလည်း တော်တော်များများ ပြုတ်ကျန်ခဲ့ပါတယ် .....…. 
(၃)    တတိယအဆင့်က ကိုယ်လျှောက်တဲ့ ဘာသာရပ်ပေါ် မူတည်ပီး ပြန်ကြလာတဲ့ကျောင်းက professor ကိုယ်တိုင် အင်တာဗျူးလာထိုင်တယ် ......… ဘာသာရပ်အပေါ် ကိုယ့်ရဲ့ လေ့လာထားမှု၊ စိတ်ဝင်စားမှု၊ သွက်လက်ချက်ချာမှု ဒါတွေကို အဓိကကြည့်တယ်… အင်္ဂလိပ်စကားပြော ကျွမ်းကျင်မှုလည်း ရှိသင့်‌ပါတယ် ... ကိုယ့်အပေါ် impression အတွက် အရေးကြီးပါတယ် ...….
(၄)    စတုတ္ထမြောက်အဆင့်ကတော့ comprehensive interview ပါ …..... အရေးကြီးပါတယ် ......… မြန်မာဘက်က တာဝန်ရှိသူ ၂ ယောက်ရယ် ဂျပန်သံရုံးဘက်က ဂျပန်လူမျိုး ၂ ယောက်ရယ် စုစုပေါင်း ၄ ယောက် အင်တာဗျူးပါတယ် ......… general question တွေ psycho question လေးတွေကို အဓိကမေးပါတယ် .....… မေးခွန်းတိုင်းကို အချက်ကျကျနဲ့ သွက်သွက်လက်လက် ဖြေဆိုသင့်ပါတယ်… 
(၅)    ပဥ္ဇမ‌မြောက်အဆင့်ကတော့ ဆေးစစ်ရတာပါ .....… ဒါလည်း အရေးကြီးတာပါပဲ .....… အဆင့်တိုင်း အောင်ခဲ့ပီး ဆေးကျလို့ ပြန်ဖြုတ်ခံရတဲ့သူတွေလည်း ရှိလို့ပါ .....… ယေဘုယျအနေနဲ့ ပြန်‌ပြောရရင် တတိယ‌မြောက်အဆင့်မှာ သက်ဆိုင်ရာ တက္ကသိုလ်တွေက ဆရာတွေ လာဗျူးတဲ့အခါ စိတ်အတည်ငြိမ်ဆုံး ဖြစ်နေဖို့လိုတယ် ....… သူတို့က ကိုယ်တင်ထားတဲ့ research proposal ကို အဓိကထားပီးမေးကြတာပဲများပါတယ်… အဲ့လိုမေးတဲ့အခါ ကိုယ်မသိတဲ့အကြောင်းအရာဆို မသိကြောင်း ရိုးရိုးသားသားပဲ ပြောပီး ပြန်လေ့လာပါ့မယ်လို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားမျိုးကို ပြန်ပြောတာကသာလျှင် အသင့်တော်ဆုံးဖြစ်ပါတယ်…. ကိုယ်မသိတာကို ရမ်းရွှီးနေရင်ကိုယ်မသိပဲ ‌ပြောနေမှန်း သူတို့က အလွယ်တကူ သိနိုင်ပါတယ် .....…. ဒါဟာ ကိုယ့်အပေါ်ကို အထင်သေးစေဖို့ လုံလောက်တဲ့ အကြောင်းအချက်ပါပဲ ...... နောက်တပိုင်းမှာတော့ အင်မတန် အရေးကြီးလှတဲ့ research proposal အကြောင်းလေးလည်း တီးခေါက်မိသလောက် ကျနော်ရေးပါဦးမယ် …..... ဒီ scholar ရဲ့ အသက်ဟာ ပထမဆုံးအဆင့်မှာတင် တခါတည်းတွဲတင်လိုက်ရတဲ့ research proposal ပါပဲ….
မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၃)

images.jpeg

ကျနော် ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ဖြစ်လိမ့်မယ်ဆိုတဲ့ အိပ်မက်မျိုး ငယ်ကတည်းက တခါမှ မရှိဘူးပါဘူး… နိုင်ငံခြားကျောင်းသွားတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးတော့ရှိပါတယ်….

အမေရိကား၊ အင်္ဂလန်၊ နယူးဇီလန်၊ သြစတြေးလျ စတဲ့နိုင်ငံတခုမှာတော့ ပညာသွားသင်ချင်ခဲ့ဖူးတယ်… အရင်ပို့စ် မှာ ကျနော် မန္တလေးတက္ကသိုလ်မှာ ဖွင့်လှစ်သင်ကြားတဲ့ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့  (MBA) သင်တန်း 1st batch မှာ တက်ခဲ့တယ်ဆိုတာ ရေးခဲ့ပါတယ်… အဲဒီမှာ ကျနော့်‌ကို ညီအစ်ကို အရင်းလိုချစ်တဲ့ ဆရာ ဒေါက်တာမောင်မောင်နဲ့ သိကျွမ်းခဲ့တယ်…ဆရာမောင်က မန္တလေးတိုင်း စက်မှုလုပ်ငန်းကုန်သည်ကြီးများအသင်းရဲ့ အတွင်းရေးမှူးပါ…သူရဲ့ အသိပေးမှုနဲ့ ဂျပန်နိုင်ငံအစိုးရက ပညာသင်ကြေးထောက်ပံ့ပေးတဲ့ JDS Scholar ကို သိခဲ့ပီး ကျနော့်‌ကို ဝင်ဖြေဖို့ အဓိကတွန်းအားပေးခဲ့သူပါ… JDS Scholar က အဓိကက အစိုးရဝန်ထမ်းတွေအတွက် ပေးတဲ့ စကော်လာပါ ....… စကော်လာပေးနေတာ ခုဆိုရင်တော့ ၁၅ နှစ်လောက်တောင်ရှိပေါ့ ...…. ဒီစကော်လာက နာမည်လည်းကြီးပါတယ်… အဆင့် ၅ ဆင့်လောက်ကို ဖြေရတယ် ….. private sector ကိုလည်း နှစ်တိုင်း စကော်လာ ပေးလေ့မရှိပါဘူး …. ရံဖန်ရံခါမှ ကြိုးကြားကြိုးကြားခေါ်တာပါ…ကိုယ်ဝင်ဖြေမယ့်နှစ်ကမှ private sector ကို ပြန်ခေါ်တာလို့ ပြောပါတယ် (၇ နှစ်ကြာပီးနောက်မှာတဲ့)…. အစကတော့ ကျနော် ဝင်မ‌ဖြေတော့ဘူးလို့ပါပဲ… ရန်ကုန်မှာချည်းပဲ ‌ဖြေရမှာ လုပ်ရမှာဆိုတော့ ကိုယ့်စီးပွားရေးလည်း မန္တလေးမှာရှိနေတော့ လုပ်မနေတော့ပါဘူးလို့ပဲ  ..... ဒါပေမယ့် ဆရာမောင်က အဓိကပဲ သူက ဝင်ဖြေစေချင်တယ်… ကိုယ့် talent ကိုလည်း သူယုံတယ် …… ရမယ်လို့လည်း ယုံကြည်တယ် ……  နောက်ထပ်လူတွေအတွက်လည်း လမ်းပွင့်စေချင်တယ်ဆိုပီး တိုက်တွန်းမှု ကြောင့်ပဲ တလေးတစား အလေးထားပီး ဖြေဖြစ်ခဲ့တာပါ…. ကိုယ့်အပေါ် လှိုက်လှိုက်လှဲလှဲယုံကြည်မှုပေးခဲ့တဲ့ ဆရာမောင်ကို အမြဲပဲ ကျေးဇူးတင်နေပါတယ်… ကျနော်က မန္တလေးတိုင်း စက်မှုကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုပီး ရန်ကုန်မြို့ UMFCCI အောက်ကနေ ဝင်ဖြေခဲ့တာပါ (ညီနောင်အသင်းမို့) 

အဲ့ဒီနှစ်က scholar ခေါ်တဲ့ subject က ၄ မျိုးပါ…

  1. Urban planning
  2. Electrical engineering
  3. Master in Business Administration နဲ့
  4. Information Technology ရယ်ပါ.

အဲ့ဒီရွေးချယ်ခွင့်ရှိတဲ့ ဘာသာရပ်လေးခုထဲက urban planning ကိုပဲ ရွေးချယ်ဖြေဆိုခဲ့တယ်…

ဘာလို့ဆိုတော့ MBA ကတော့ ထပ်မလိုချင်တော့ဘူး… ကိုယ်လိုအပ်တာတွေကို သင်ယူခဲ့ပီးပီ… ကျနော့်‌ရဲ့ ပထမဘွဲ့က B.E (electronic and communications) ပါ .… အဲ့ဒီဘွဲ့နဲ့လည်း စီးပွားဖြစ်လုပ်မစား ခဲ့ဘူးဖူးဆိုတော့ master ကို electrical engineering နဲ့လည်းသွားယူနေစရာ အကြောင်းမရှိလှဘူး ….… လက်ရှိစီးပွားရေးအနေနဲ့ လုပ်ကိုင်နေတဲ့ အလုပ်ကလည်း IT နဲ့ နွှယ်တယ်လို့ ပြောလို့ရသော်ငြား နိုင်ငံခြားမှာ အဲ့ဘာသာရပ်ကို မာစတာတန်းတက် ပြန်အသုံးချရအောင် အာသီသ မရှိဘူး ….… အာ့နဲ့ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းဆိုတဲ့ ဘာသာရပ်ကို ရွေးချယ်တာပါ.. ရည်ရွယ်ချက်က ကိုယ်ချစ်တဲ့မြို့ကို တဖက်တလမ်းက တတ်နိုင်သမျှ ပြန်အကျိုးပြုချင်တာပါပဲ ….… ကျနော် မန္တလေးမြို့ကို သိပ်ချစ်တာလေ …… 

ဒီလိုနဲ့ပဲ  ဘဝမှာတခါမှ မလေ့လာ မသင်ယူဖူးတဲ့ ကိုယ့်အတွက် challenging တွေများမယ့် ဒီ urban planning ဆိုတဲ့ ဘာသာရပ်ကိုပဲ ခေါင်းမာစွာနဲ့ ရွေးချယ်ခဲ့တယ်… အဲ့လိုရွေးချယ်မိတဲ့အတွက် နောက်လာမယ့် ကောင်းခြင်း ဆိုးခြင်းတွေအားလုံးကို ပြတ်ပြတ်သားသား ကြံ့ကြံ့ခိုင်ခိုင်ပဲ ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတဲ့ သံဓိဌာန်လည်း တပြိုင်နက်ချခဲ့တယ် ….… နောက်အပိုင်းမှာ JDS scholar ကိုရဖို့ ဖြေရတဲ့ အဆင့်ဆင့်ကို နားလည်မှတ်မိသေး သလောက် ပြန်ရေးပြပါ့မယ် ...…..

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်