Importance of Language

By Khin Wine Phyu

လူတဦးနဲ့တဦးကြားနားလည်မှုနဲ့ဆက်ဆံရေးအဆင်ပြေစေဖို့မှာဘာသာစကားကအရေးကြီးပါတယ်။ကျွန်မတို့အပြောင်အပျက်ပြောလေ့ရှိတဲ့ international language လို့ခေါ်တဲ့လက်ဟန်ခြေဟန်နဲ့ပြောခြင်းကတကယ်တန်းတိတိကျကျညွန်ကြားသတင်းပေးရမဲ့လုပ်ငန်းများအတွက်အသုံးလုံးဝမဝင်နိူင်ပါဘူး။့ကျမတို့မြန်မာနိူင်ငံအထည်ချုပ်လုပ်ငန်းတွေမှာအများအားဖြင့်စက်ရုံအုပ်ချုပ်သူများ ကျွမ်းကျင်ပညာရှင်များဟာတရုတ်နဲ့ကိုရီးယားလူမျိုးအများစုဖြစ်ကြပါတယ်။များသောအားဖြင့်အဂ်လိပ်စာကိုကြားခံအနေနဲ့အသုံးများပေမဲ့လဲဘာသာစကားနဲ့ယဉ်ကျေးမူကွာခြားတဲ့အလုပ်သမားနဲ့အထက်လူကြီးများကြားမှာနားလည်မူလွဲမှားပြီးလုပ်ငန်းခွင်မှာရောလူမူရေးပိုင်းမှာပါအခက်အခဲမြောက်များစွာပေါ်ပေါက်ခဲ့ဖူးပါတယ်။ဝမ်းနည်းစရာကောင်းတာကနိုင်ငံခြားသားများကလုပ်ငန်းအဆင်ပြေရေးအတွက်မြန်မာစကားကိုတတ်မြောက်အောင်ကြိုးစားသင်ယူပြီးတတ်မြောက်လွယ်ကြပေမဲ့မြန်မာလူမျိုးတွေကတော့လေ့လာသင်ယူမှုအားနဲနေသေးပါတယ်။ ကျမကိုယ်တိုင်ပါဘဲ။အဂ်လိတ်စာကိုကျွမ်းကျင်စွာရေးသားပြောဆိုနိူင်ပေမဲ့အဂ်လိပ်စာမတတ်ကျွမ်းတဲ့တရုတ်ကျွမ်းကျင်ပညာရှင်များနဲ့စကားပြန်နဲ့တဆင့်ဆက်သွယ်ရတာအဆင်မပြေလို့တရုတ်စကားကိုလေ့လာခဲ့ဖူးပေမဲ့ခက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့လွယ်လွယ်ကူကူဘဲလက်လျှော့ခဲ့ပြီးယနေ့ထိလဲဆက်မကြိုးစားခဲ့ပါဘူး။ 

ကျမနဲ့ယှဉ်ပြီးအကြံပေးတိုက်တွန်းချင်တာကတော့အဂ်လိပ်စာအပြင်ကို့ရဲ့လုပ်ငန်းခွင်ပေါ်မှာမူတည်ပြီးဘာသာစကားကိုနားလည်အောင်ကြိုးစားလေ့လာချငး်ဟာအောင်မြင်တဲ့အလုပ်သမားတယောက်ဖြစ်စေမှာပါ။

English Summary

Language is very important for understanding between people. In the Myanmar garment industry, most of the technicians or instructors are Chinese or Korean people.  We normally use English to communicate, but there are many difficulties and misunderstandings. I think foreigners might want to try to learn more Myanmar language, in order to make everyone's work go more smoothly. If they try to learn, they can learn usually within a short period of time. Myanmar people however, generally take much longer to learn a foreign language.  I myself have learned  Chinese because speaking through unskillful translators I found that what I want to say was not being understood through translators.  So my advise, is apart from English, knowing the language which is sutable in a person's working area is a great help to be successful.